Millennium တွေရဲ့ ခေတ်လို့ ပြောရမယ့် ၁၉၉၀ ခုနှစ်တွေက လက်ရှိအချိန်ထက် ပိုပြီး တန်ဖိုးရှိတဲ့အရာတွေ အများအပြားဖြစ်ပေါ်ခဲ့တဲ့အချိန်တွေလည်း ဖြစ်ပါတယ်။ အဲ့ဒီအရာတွေထဲမှာ အဓိပ္ပါယ်ရှိတဲ့ သီချင်းတွေလည်း ပါဝင်ခဲ့ပါတယ်။

အဲ့ဒီ ၁၉၉၀ ခုနှစ်တွေတုန်းက အရမ်းကို ရေပန်းစားပြီး မမေ့နိုင်ဖြစ်ခဲ့တဲ့ သီချင်းတွေကို သီဆိုခဲ့တဲ့ အဆိုတော်ကြီးတွေ အခုဘယ်လိုပုံစံတွေဖြစ်သွားပြီလဲဆိုတာကို ကြည့်လိုက်ရအောင်

(1) Ricky Martin (1994, 2018)

Source : MSN

ဂန္တဝင်အဆိုတော်ကြီး Ricky Martin ကတော့ နာမည်ကြီးခဲ့တဲ့ သူရဲ့ ဆံပင်ရှည်ကြီးမရှိတော့ပဲ ပိုပြီးတောင် ရင့်ကျက်လာပါတယ်။

(2) Britney Spears (1998, 2017)

Source: MSN

Britney ကတော့ သူရဲ့ ပုံစံကနေ အခုအချိန်ထိ ခွဲထွက်သွားခြင်းမရှိပဲ ပိုတောင် လှလာသေးတယ်လို့ ဆိုရမလား။

(3) Enrique Iglesias (1997, 2017)

Source: MSN

၁၉၉၀ ခုနှစ်တွေတုန်းက အကောင်းဆုံးအချစ်သီချင်းတွေကို သီဆိုခဲ့တဲ့ အဆိုတော်ကြီး Enrique ကတော့ အသက်တောင်ကြီးသွားရဲ့လား မသေချာပါဘူး။

(4) Seal (1994, 2018)

Source: MSN

A Kiss From Rose သီချင်းကို Iron Cross က ပြန်မဆိုခင်ထဲက ၉၀ ခုနှစ်ဖွားတွေရဲ့ ရင်ထဲကို ရောက်ရှိနေတဲ့ အဆိုတော်ကြီး Seal ကတော့ ပိုပြီး ခန့်လာပါတယ်။

(5) Mariah Carey (1993, 2018)

Source: MSN

၉၀ ခုနှစ်တုန်းက Pop အဆိုတော်မလေး Mariah Carey အခု အချိန်ကြတော့လည်း ပိုပြီးတောင် လှနေပါတော့တယ်။

(6) Celine Dion (1992, 2017)

Source: MSN

မယုံကြည်နိုင်လောက်တဲ့ အသံပိုင်ရှင် Celine Dion ကတော့ ဇရာကို မလွန်ဆန်နိုင်ပေမယ့် အခုအချိန်အထိ သူမရဲ့ သီချင်းတွေက ကောင်းမြဲကောင်းဆဲပါ။

(7) Green Day (1999, 2017)

Source: MSN

Punk Rock Band တွေထဲမှာ Linkin Park ပြီးရင် အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ Green Day ကတော့ အခုအချိန်အထိ မိုက်နေဆဲပါပဲ။