ဘ၀က ကိုယ်ဖြစ်ချင်တဲ့အတိုင်းမဖြစ်နိုင်ပါဘူး။ ပတ်ဝန်းကျင်မှာ ဆုံတွေ့ဆက်ဆံနေရတဲ့သူတွေကလည်း ကိုယ့်အတွက်အမြဲအဆင်ပြေနေဖို့ မလွယ်ပါဘူး။ ဒီတော့ မကျေနပ်စရာတွေ၊ ဒေါသထွက်စရာတွေဟာ မကြာခဏ ကြုံတွေ့လာရနိုင်ပါတယ်။ ဒီအခါအောက်ပါအချက်လေးတွေအတိုင်း ကြိုးစားပြုမူကြည့်ပေါ့။

အသက်ပြင်းပြင်းရှူပါ

Source: Business Insider

ဒေါသထွက်စရာတွေနဲ့ကြုံလာရပြီဆိုရင် စိတ်ကိုအေးအေးထားပါ။ စကားကြီးငယ်နဲ့အလျှင်အမြန် ခွန်းတုံ့မပြန်ပါနဲ့။ အသက်ကိုဝအောင် ခပ်ပြင်းပြင်းရှူသွင်း၊ ရှူထုတ်လုပ်ပြီး စိတ်ဖြေလျော့လိုက်ပါ။

အော်ဟစ်ဖြေရှင်းခြင်းကို ရှောင်ကြဉ်ပါ

Source: Huffington Post Canada

စိတ်အလိုမကျတာ၊ ဒေါသထွက်စရာတွေနဲ့တွေ့တဲ့အခါ အသံကျယ်ကြီးနဲ့အော်ဟစ်ပေါက်ကွဲတတ်တဲ့ အကျင့်ရှိနေပါသလား။ ဒါဆိုအမြန်ပြုပြင်လိုက်ပါ။ တချို့ကိစ္စတွေဟာ အော်ဟစ်နေရုံနဲ့ပြေလည်သွားမယ့် ကိစ္စတွေမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကိုပိုရစေနိုင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

အတတ်နိုင်ဆုံးပြုံးပါ

Source: MiSmile

ဒေါသဘယ်လောက်ထွက်နေပါစေ၊ အများရှေ့မှာပြုံးနိုင်အောင် ကြိုးစားလိုက်ပါ။ အပြုံးဟာဒေါသထွက်စိတ်ဆိုးခြင်းရဲ့ ထွက်ပေါက်တစ်ခုလည်းဖြစ်ပါတယ်။ ကိုယ့်ကိုဒေါသထွက်အောင်လုပ်တဲ့သူတွေကို အပြုံးနဲ့အနိုင်ယူလိုက်ပါ။

ခေါင်းအေးအေးထားပါ

Source: Best Life

ဖြစ်လာတဲ့ပြသာနာအပေါ် အရင်ဒေါသထွက်ပစ်လိုက်မယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ ပြသာနာကို ခေါင်းအေးအေးနဲ့ စဉ်းစားအဖြေရှာနိုင်အောင် လေ့ကျင့်ထားသင့်ပါတယ်။ ဘ၀မှာပြဿနာတွေ၊ ဒေါသထွက်စရာကိစ္စတွေက အများကြီးရှိနေလို့ပါပဲ။