ကိုယ်က အကကိုလည်း ရူးသွပ်ခုံမင်သူတစ်ယောက်ဖြစ်ပြီး အကကနေရတာကို ပျော်ရွှင်နေတဲ့သူ တစ်ယောက်လား။  ဒီလို ကနေရတာကိုပဲ ကျေနပ်နေပြီး အကအတွက်ပဲ ကိုယ့်ရဲ့ အချိန်တွေအပ်နှံထားတဲ့ သူတစ်ယောက်ဖြစ်နေပြီလား။ ကိုယ့်ရဲ့ ဝါသနာပါရာကိုသာ လျှောက်လှမ်းချင်တယ်။ လျှောက်လှမ်းဖို့လည်း ဆုံးဖြတ်ချက်ချပြီးနေပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် Bboy တစ်ယောက်ဖြစ်ဖို့ ခြေလှမ်းစချင်သူတွေအတွက် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။

B-boy အကွက်တွေ အရင်လေ့လာပါ

Source: http://stmedia.stimg.co/

အရင်ဆုံး ဗီဒီယိုတွေ ၊ လေ့ကျင့်ခန်းတွေကို အွန်လိုင်းတွေကနေတဆင့် စတင်လေ့လာပါ။ ကိုယ်လက်လှမ်းမီရာနေရာကနေ ကကွက်တွေကို လေ့လာနေပါ။ အရင်ဆုံး မျက်စိနဲ့ နားနဲ့ ဒီအကတွေ ၊ ကကွက်တွေနဲ့ ရင်းနှီးနေအောင် အရင်လုပ်ဆောင်သင့်ပါတယ်။

တစ်ဦးတည်း အရင်လေ့ကျင့်ပါ

Source: http://1.bp.blogspot.com/

ဒီလို အိမ်မှာပဲ အွန်လိုင်းအင်တာနက်ကနေ ဗီဒီယိုတွေကနေ တဆင့်လေ့လာပြီးပြီဆိုရင် ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း လွတ်လွတ်လပ်လပ် အရင်လေ့ကျင့်ပါ။ ကိုယ်လေ့လာထားသမျှ ကကွက်တွေကို မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အရင်လေ့ကျင့်နေပါ။ 

တေးသီချင်းတွေနဲ့ ကကွက်တွေ ပေါင်းစပ်ဖန်တီးပါ

Source: https://image.redbull.com/

ကိုယ် တစ်ကိုယ်တည်း လေ့လာထားသမျှတွေကို တေးဂီတတွေနဲ့ ရောစပ်ပြီး ကိုယ်ပိုင်ကကွက်တွေ ဖန်တီးကြည့်ပါ။ မမှန်ကန်မှာတွေ ၊ လွဲမှားနေမှာတွေအတွက် တွေးပူမနေပါနဲ့။ တစ်ယောက်တည်း ကျင့်နေတာဖြစ်တဲ့အတွက် ဘယ်သူတွေကမှ သင့်ကို လှောင်ရယ်နေမှာမဟုတ်ပါဘူး။ ဒီတော့ ကြိုးစားပြီး တေးဂီတနဲ့အက တွဲဖက်ကကြည့်ပါ။ စိတ်ကျေနပ်မှုတွေ ရလာပါလိမ့်မယ်။

Bboy အဖွဲ့တွေနဲ့ ပူးပေါင်းပါ

Source: https://pixfeeds.com/

အိမ်မှာ တစ်ယောက်တည်း လေ့ကျင့်တာတွေ ၊ အိမ်မှာ တစ်ယောက်တည်း Self-Study တွေ ပြည့်ဝသွားပြီလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်သွားပြီဆိုရင်တော့ Bboy အဖွဲ့တစ်ခုခုဆီသွားပြီး အဖွဲ့ဝင်ဖြစ်ဖို့အတွက် တောင်းဆိုကြည့်ပါ။ ကိုယ်လေ့ကျင့်ထားတဲ့ ကကွက်တွေနဲ့ ကိုယ့်ရဲ့ ရူးသွပ်မှု၊ စိတ်အားထက်သန်မှုတို့ကို ပြောပြမှ သူတို့က အဖွဲ့ဝင်အဖြစ် လက်ခံမှာပါ။

ပညာရအောင်ယူပါ

Source: http://1.bp.blogspot.com/

အဖွဲ့ဝင်တစ်ယောက် အဖြစ် Bboy အဖွဲ့တစ်ခုထဲကို ရောက်သွားပြီဆိုရင်တော့ ဒီအဖွဲ့ဝင်တစ်ယောက်တိုင်းဆီက ပညာကို ရအောင်ယူပါ။ အတွေ့အကြုံဆိုတာ ဘာနဲ့မှမလဲနိုင်တဲ့ ပညာပါ။ ခုမှ ခြေလှမ်းစရတဲ့ သူတစ်ယောက်အဖို့တော့ အတွေ့အကြုံရှိတဲ့ အကသမားတွေနဲ့ အတူ တွဲလေ့ကျင့်ရင်းနဲ့မှ ပညာယူရမှာဖြစ်ပါတယ်။