အမျိုးသားအများစုဟာ အဝတ်အစားနဲ့ပတ်သက်ပြီး စေ့စေ့စပ်စပ်ဝယ်လေ့မရှိကြတာတော့ ဘိုးစဉ်ဘောင်ဆက်ကထဲကလို့ ပြောလို့ရပါတယ်။ယနေ့ခေတ်မှာတော့ နေ့စဉ်ဘဝကနေ လုပ်ငန်းခွင်အထိ ဖက်ရှင်နဲ့ဝတ်စားဆင်ယင်မှုက အတော်လေးနေရာယူလာပါတယ်။

လူအများအမြင်မှာ စမတ်ကျကျနဲ့ impression ကောင်းရဖို့ဆိုရင် Qualityကောင်းတဲ့အဝတ်စားမျိုးရွေးချယ်တတ်ဖို့ လိုတာပေါ့။ဒါကြောင့်ပုရိသတို့်အတွက် ပေးရတဲ့ဈေးနဲ့လိုက်ဖက်အောင် Qualityကောင်းတဲ့ အဝတ်စားမျိုးရွေးချယ်ရာမှာ အထောက်ကူဖြစ်စေမယ့်အချက်တွေ တင်ပြပေးလိုက်ပါတယ်။

(၁) သဘာဝကရတဲ့ ချည်သားလိုမျိုးကို ရွေးချယ်ပါ

Source : fashionbeans

အဝတ်အစားဝတ်ဆင်ရာမှာ စမတ်ကျနေစေဖို့အတွက် နံပါတ်တစ်အရေးကြီးဆုံးကတော့ ဝတ်ရတာသက်တောင့်သက်သာရှိနေစေဖို့ပါပဲ။သဘာဝကရတဲ့ ကုန်ကြမ်းပိတ်တွေကသာ သင့်ကိုဝတ်ဆင်ရာမှာ ရာသီဥတုအလိုက် သင့်လျော်စေမှာပါ။ဥပမာ ချည်သားဆိုရင် နွေမှာဝတ်ရင်အေးသလို၊ ဆောင်းမှာဝတ်ရင်နွေးစေနိုင်သလိုပါ။သဘာဝကရတဲ့အတွက် Quality နဲ့ဈေးနှုန်းကလဲ အသင့်တင့်ရှိတာကြောင့် သင့်ကိုဝတ်လိုက်တာနဲ့ luxuryဆန်ပြီး စမတ်ကျစေမှာပါ။

(၂) ဘယ်နိုင်ငံကထုတ်လဲဆိုတာ သေချာကြည့်ပါ

Source : fashionbeans

ပစ္စည်းတစ်ခုရဲ့ Qualityဟာ ထုတ်လုပ်လိုက်တဲ့ နိုင်ငံအလိုက် နာမည်ကျော်ကြားမှုအညီ ကောင်းမွန်နေတတ်ပါတယ်။ဥပမာ-ရှူ းဖိနပ်တွေဆိုရင် England၊ နာရီမှာဆို Switzerland၊ Ready-to-wear ဆိုရင် Italy၊ Denim ဆိုရင် Japan စသဖြင့် နိုင်ငံအလိုက် ထူးခြားကောင်းမွန်တဲ့ Quality ကိုယ်စီရှိကြပါတယ်။ ဒါကြောင့်ကိုယ်လိုချင်တဲ့ပစ္စည်းအတွက် အကောင်းဆုံးဖြစ်မယ့် “Made in …”ကို ရွေးဝယ်တတ်ဖို့လဲ လိုပါတယ်။

(၃) Brandနောက်မလိုက်ပါနဲ့

Source : fashionbeans

နာမည်ကြီး brandတိုင်း quality ကောင်းမယ်လို့ တထစ်ချမပြောနိုင်ပါဘူး။ဘာလို့လဲဆိုရင် ကျားကြီးလို့ခြေရာကြီးတယ် ဆိုသလိုပါပဲ။အစဉ်အဆက်နာမည်ရလာတဲ့ Brandတစ်ခုဟာ ပစ္စည်းရဲ့အရည်အသွေးထက် နောက်ဆင့်ပွားလိုက်ရတဲ့ အရာတွေရှိတတ်ပါတယ်။ဒါတွေကတော့ ကြော်ငြာကြေး၊ အခွန်စတာတွေပဲ ဖြစ်ပါတယ်။တစ်ခါတစ်ရံ သာမန်နာမည်မရတဲ့ brandတစ်ခုနဲ့ ကုန်ကြမ်းချင်းတူနေတာမျိုးတောင်ဖြစ်တတ်ပါတယ်။ဒါကြောင့်brandရဲ့လွမ်းမိုးမှုကို မခံပါနဲ့။