လူတွေဟာ အရွယ်ရောက်လာပြီဆိုတာနဲ့ ကျောင်းတက်ပြီး ပညာရှာကြရပါတယ်။ ကလေးဘဝတီတီတာတာပြောတတ်တဲ့ အရွယ်ကစပြီး ဘဝတစ်ဝက်လောက်ထိကို ပညာရှာနေရတာတွေနဲ့ ပဲ ဘဝရဲ့ အချိန်တွေကို ကုန်ဆုံးပေးလိုက်ရပါတယ်။

ဒီလို အချိန်တွေ ၊ ခွန်အားတွေ ၊ ဦးနှောက်ဥာဏ်တွေ ထုတ်သုံးပြီး ရှာမှီးခဲ့ရတဲ့ ပညာတွေအပေါ် တန်ဖိုးထားဖို့တော့ လိုအပ်ပါတယ်။ တချို့တွေဆိုရင် ကိုယ် သင်နေရတဲ့ ပညာရပ်တွေအပေါ် မလေးစား ၊ တန်ဖိုးမထားတာတွေ တွေ့ရပါတယ်။ တကယ်တော့ ကိုယ် အချိန်တွေ ၊ ငွေတွေ အများကြီးရင်းနှီးပြီး သင်ထားတဲ့ ပညာအပေါ် လေးစားတန်ဖိုးထားသင့်ပါတယ်။

Source: Digital Assess

လူတော်တော်များများက သူတို့သင်ထားခဲ့တဲ့ ပညာတွေကို တကယ့်လက်တွေ့ဘဝမှာ ၊ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ထည့်မသုံးတတ်ကြပါဘူး။ တကယ်တော့ သင်ထားတဲ့ပညာရပ်တွေက ထုတ်သုံးရမှာဖြစ်ပါတယ်။ ပညာဆိုတာ ဒီတိုင်းသင်ရတာမဟုတ်ပါဘူး။ ဘဝမှာ အသုံးချဖို့အတွက် သင်ခဲ့ရတာတွေပါ။

Source: Digital Assess

ငယ်စဉ်ကတည်းက မှန်မှန်ကန်ကန်တွေးခေါ်နိုင်သူတစ်ဦးမှသာ အမှန်တကယ် တတ်ကျွမ်းထားတဲ့ ပညာတွေကို လက်တွေ့ဘဝထဲမှာ ပြန်လည် အသုံးချနိုင်မှာဖြစ်ပါတယ်။ ဘဝမှာ ဆုံးရှုံးမှုတွေ ကြုံတွေ့လာတဲ့အခါ စိတ်ပျက်အားငယ်ခြင်းနဲ့  ဘဝကို လက်မြှောက်အရှုံးပေးကြသူအဖြစ် လုံးဝအဖြစ်မခံပါနဲ့။ ပညာဥာဏ်နဲ့ အရာအားလုံးကို ကျော်ဖြတ်ပါ။