လူရယ်လို့ဖြစ်လာပြီဆိုတာနဲ့ ကိုယ့်ဘဝကို ကံကြမ္မာဖန်ဆင်းပေးတဲ့အတိုင်း အလိုက်အထိုက်နေထိုင်သွားရမယ်လို့ မဆိုလိုပါဘူး။ ဘဝမှာကြုံတွေ့လာမယ့် ထူးကဲဆန်းပြားတဲ့အရာတွေ၊ အသစ်အဆန်းတွေ၊ အခက်အခဲ အတားအဆီးတွေကို ကျော်မသွားဘဲ အမြဲတမ်း စမ်းသပ်ကြည့်သင့်ပါတယ်။ တကယ်လို့ သင်ဟာ လူငယ်တစ်ယောက်ဖြစ်တာနဲ့အညီ ကိုယ့်ရဲ့ဘဝကို အကန့်အသတ်တွေလုံးဝမရှိဘဲ နေထိုင်နိုင်အောင် အမြဲတစေ ကြိုးစားနေသူဆိုရင်တော့ တွေ့ကြုံလာသမျှ အရာရာတိုင်းကို အခြားသူတွေထက် ပိုပြီးသာလွန်ကောင်းမွန်အောင် ကြိုးစားမိမှာပါ။

လူငယ်လူရွယ်တွေအနေနဲ့ ဘဝကို အကန့်အသတ်မရှိနေထိုင်တယ်ဆိုတာကလည်း ကိုယ်ဝါသနာပါပြီး အမှန်တကယ် စိတ်အားထက်သန်တဲ့အရာကို ရှာဖွေဖို့နဲ့ ထိုအရာနောက်ကို တစိုက်မတ်မတ် လိုက်တတ်ဖို့ပါပဲ။ “ရှာဖွေလေ တွေ့ရှိလေ” ဆိုတဲ့ စကားအတိုင်းပဲ ကိုယ်လုပ်သမ ျှအရာတွေကို ဒီ့ထက်ပိုပြီး တိုးတက်မှုရှိစေဖို့အတွက် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။

အကန့်အသတ်တွေမရှိဘဲ လူငယ်ဘဝကိုနေထိုင်တယ်ဆိုတာဟာ ကိုယ့်ဘဝမှာ ဘယ်လိုအခက်အခဲတွေ တွေ့လာတွေ့လာ ဘယ်တော့မှ အရှုံးမပေးဘူးလို့ ယူဆတာနဲ့ အတူတူပါပဲ။ အရှုံးတွေနဲ့ရင်ဆိုင်လာရတိုင်းမှာလည်း လဲကျမသွားဘဲ နောက်ထပ်ပုံစံတစ်မျိုးပြောင်းပြီး ပြန်လည်ကြိုးစားခြင်းကလည်း ကိုယ့်ရဲ့ဘဝကို အတားအဆီးတွေမရှိဘဲ ရှင်သန်ရပ်တည်ခြင်းပဲဖြစ်ပါတယ်။

ဒီလိုမျိုး စိတ်ရှုပ်စရာတွေ၊ ပင်ပန်းစရာတွေကြောင့် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ လူငယ်ဘဝကို အချိန်ကုန်မခံပါနဲ့။ အခက်အခဲတွေကြုံလာတိုင်း လက်မလျှော့ဘဲ ထိုအခက်အခဲတွေကို ကိုယ့်အတွက်အသုံးဝင်မယ့် အရာတွေအဖြစ် ပြောင်းလဲနိုင်အောင် ကြိုးစားပါ။ ဒါ့အပြင် အကန့်အသတ်တွေဆိုတာဟာ ကိုယ့်ကိုတားဆီးဖို့ ပေါ်ပေါက်လာတာ မဟုတ်ဘူးဆိုတာကို အမြဲအမှတ်ရပြီး ဘယ်လိုအရာတွေ၊ ဘယ်လိုအခြေအနေတွေနဲ့ ကြုံလာပါစေ မဖြစ်နိုင်ဘူးလို့ ဘယ်တော့မှမတွေးပါနဲ့။

ဒါဆိုရင် အကန့်အသတ်မရှိဘဲ လူငယ်ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ဘယ်လိုမျိုးဖြတ်သန်းမလဲ။ ကိုယ့်အနီးအနားပတ်ဝန်းကျင်ရှိ လူတွေအားလုံးက ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ဝိုင်းပြီးတားဆီးနေရင်တောင်မှ ကိုယ်ဆန္ဒရှိတဲ့ ဘဝတစ်ခုကို နေထိုင်နိုင်ဖို့အတွက် ဘယ်လိုအရာကမှ မဟန့်တားနိုင်ဘူးဆိုတာကို အများသိမြင်အောင် သေချာသက်သေပြလိုက်ပါ။ ဒါ့အပြင် စိတ်ရှုပ်စရာတွေနဲ့ မလိုက်ဖက်တဲ့ လူငယ်တွေအနေနဲ့ စိတ်အပန်းဖြေဖို့အတွက် Whisky ကို ရွေးချယ်တဲ့အခါမှာလည်း ချောမွေ့တဲ့ Grand Royal Smooth က အသင့်တော်ဆုံး ရွေးချယ်မှုပါပဲ။