အခုနောက်ပိုင်း လမ်းပေါ်မှာပဲ ကြည့်ကြည့် ၊ ဘတ်စ်မှတ်တိုင်မှာပဲ ကြည့်ကြည့် ၊ ဘတ်စ်ကားပေါ် ၊ ကိုယ်ပိုင်ကားပေါ် ဘယ်နေရာကိုပဲ ကြည့်ကြည့်နေရာတိုင်းလိုလိုမှာ တေးသီချင်းနားထောင်နေကြတဲ့သူတွေကို တွေ့မြင်ရမှာပါ။ လူတိုင်းလိုလိုဟာ သီချင်းနားထောင်ကြပါတယ်။

Source: Shutterstock

ငြိမ့်ညောင်းတဲ့ သံစဉ်လေးတွေကို နေ့စဉ်နားဆင်ပါ။ ရေဒီယို ၊ စီဒီ ၊ MP3 စတာတွေသာမကဘဲ ကိုယ်တိုင် တူရိယာတစ်ခုကို တီးမှုတ်တဲ့ တေးသွားသံစဉ်တွေက စိတ်ကို သာယာစေပြီး စိတ်ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။

Source: Shutterstock

ရုံးအသွားအပြန်အချိန်တွေ ၊ နေ့လည်စာစားချိန်တွေမှာ သာယာနာပျော်ဖွယ်တေးသံလေးတွေကို နားဆင်သင့်ပါတယ်။ နောက်ပြီး တစ်နေ့တာ ကြုံတွေ့ခဲ့ရတဲ့ အရှုပ်အထွေးတွေကို ရှင်းလင်းပစ်ဖို့ ညအိပ်ရာမဝင်ခင်မှာလည်း သီချင်းလေးဖွင့်ထားရင် ပင်ပန်းမှန်းမသိတော့ဘဲ အလုပ်လုပ်ရတာ ပျော်မွေ့စေမှာပါ။

Source: Shutterstock

သီချင်းတွေဟာ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေကို လျော့နည်းသွားစေတဲ့အပြင် သီချင်းသီဆိုနေချိန်မှာဆိုရင်လည်း ပျော်စရာကောင်းပါတယ်။ စိတ်ဖိစီးမှု လျှော့ချခြင်းက ခန္ဓာကိုယ်ထဲက ရောဂါဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေကို လျော့နည်းစေပြီး လူကို လန်းဆန်းစေပါတယ်။ အောင်မြင်ပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်ကြပါစေ။