ပူပြင်းတဲ့နွေရာသီကိုရောက်လာပြီနော်။ မိုးရာသီနဲ့ဆောင်းရာသီတုန်းက ဖက်ရှင်တွေက အခုအသုံးမ၀င်တော့ဘူးလေ။ ဒီတော့ နွေရာသီနဲ့လိုက်ဖက်မယ့် ဖက်ရှင်အသစ်တွေ ရွေးချယ်ဖို့လိုအပ်လာပါပြီ။

အဖြူရောင်ချည်သားအင်္ကျီများ

Source: eBay

အဖြူရောင်ဟာ နွေရာသီနဲ့အသင့်တော်ဆုံးအရောင်ဖြစ်ပါတယ်။ ချည်သားစစ်စစ်တွေကတော့ လူတကာချွေးထွက်ပြီး စိတ်ညစ်နေချိန်မှာတောင် သင့်အတွက် စတိုင်ကျစေနိုင်မှာအမှန်ပါပဲ။

ဟာဝိုင်ယီရှပ်လိုဒီဇိုင်းများ

Source: Michael 84

အမျိုးသားတွေအတွက် အထူးလိုက်ဖက်တဲ့ နွေရာသီဖက်ရှင်တစ်ခုကတော့ ဟာဝိုင်ယီရှပ်ဒီဇိုင်းတွေပဲဖြစ်ပါတယ်။ ၀တ်ဆင်ရတာပေါ့ပါးပြီး ဆန်းသစ်တဲ့ဒီဇိုင်းတွေ၊ အရောင်တွေနဲ့ စမတ်ကျကျနွေရာသီတစ်ခုဖြစ်သွားပါလိမ့်မယ်။

ချည်ထည်ဘောင်းဘီများ

Source: AliExpress.com

ဒီလိုပူပြင်းတဲ့ရာသီမျိုးမှာ ဂျင်းဘောင်းဘီတွေက သိပ်အဆင်မပြေတော့ပါဘူး။ ချွေးထွက်ပြီး ယားယံတတ်သူတွေဆို လူကြားထဲမှာ ဒုက္ခများမှာအမှန်ပါပဲ။ ဒီအတွက် သက်သောင့်သက်သာရှိမယ့် ချည်ထည်ဘောင်းဘီမျိုးကို ရွေးချယ်သင့်ပါတယ်။

စတိုင်ကျတဲ့ဘောင်းဘီတိုဒီဇိုင်း

Source: AliExpress.com

လွတ်လပ်ပေါ့ပါးတဲ့စတိုင်နဲ့ နွေရာသီကိုဖြတ်သန်းကြည့်လိုက်ပါ။ ချည်သားဘောင်းဘီတိုတွေဟာ သင့်ကိုလူငယ်တစ်ယောက်လို စတိုင်ကျကျ ကြည့်ကောင်းနေစေမှာအမှန်ပါပဲ။