ဘယ်လိုပင်အလုပ်များတဲ့သူဖြစ်ပါစေ၊ အားလပ်ချိန်လေးမှာတော့ ကိုယ်ချစ်သူ၊ ခင်သူတွေနဲ့ ပျော်ရွှင်ရယ်မောချင်ကြတာပါပဲ။ တကယ်လို့ သင့်ဘေးမှာ ချစ်ရ၊ ခင်ရသူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် မရှိနိုင်ကြဘူးဆိုရင် သင်စိတ်ဆင်းရဲ၊ အထီးကျန်ရပြီပေါ့။ ဒီအချိန်တွေဟာ ခက်ခဲပင်လွန်းပါတယ်။

အရာရာကို လက်ခံနိုင်အောင်ကြိုးစားပါ

Source: Shutterstock

တချိန်မှာ ချစ်သူ၊ ခင်သူတွေအဖြစ် သင့်အနားမှာ အမြဲရှိနေကြသူတွေဟာ တချိန်မှာအကြောင်းတစုံတရာကြောင့် သင်နဲ့ဝေးရာကို ရောက်သွားတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ပူဆွေးသောကရောက်မနေဘဲ အရာရာကို တစ်ယောက်ထဲရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

အစွဲအလမ်းတွေမကြီးပါနဲ့

Source: amaadmag.com

လူတွေဟာ ကိုယ်မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေအပေါ်မှာ စွဲလမ်းခင်တွယ်တတ်ကြပါတယ်။ ယုတ်စွအဆုံး အိမ်မွေးတိရိစ္ဆာန်ဖြစ်တဲ့ ခွေးလေး၊ ကြောင်လေးတွေအပေါ်မှာတောင် အစွဲအလမ်းကြီးတတ်ကြတယ်မဟုတ်လား။ ဒီလိုစွဲလမ်းတွယ်တာမှုတွေဟာ တချိန်မှာကိုယ့်အတွက် စိတ်ဆင်းရဲမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒီတော့ အစွဲအလမ်းတွေကို တတ်နိုင်သမျှ လျော့ချထားဖို့လိုတာပေါ့။

တစ်ယောက်ထဲရှင်သန်ဖို့ကြိုးစားပါ

Source: Shutterstock

မွေးလာချိန်မှာလည်းတစ်ယောက်တည်း၊ သေဆုံးချိန်မှာလည်းတစ်ယောက်တည်းဆိုပေမယ့် လူဆိုတာ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းအသိုင်းအဝိုင်းနဲ့ ပျော်ရွှင်နေထိုင်တတ်ကြသူတွေမဟုတ်လား။ ဒီတော့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ခင်တွယ်တတ်ကြတာမဆန်းပါဘူး။ ဒါပေမယ့် တစ်ယောက်ထဲအထီးကျန်ရတဲ့အချိန်တွေကို အားတင်းဖြတ်ကျော်ဖို့အတွက် ခိုင်မာတဲ့စိတ်ဓာတ်တွေ မွေးမြူထားသင့်ပါတယ်။

ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ အဆင်ပြေပါစေ

Source: ruyameali.com

ကိုယ့်မိသားစုနဲ့အတူမရှိနိုင်တဲ့အချိန် တခြားဆွေမျိုးတွေနဲ့ ဖြတ်သန်းတာမျိုး၊ အခင်ဆုံးသူငယ်ချင်းမရှိတော့ချိန် တခြားမိတ်ဆွေနဲ့ အချိန်ကုန်လိုက်တာမျိုးကို ပြုလုပ်သင့်ပါတယ်။ လူတိုင်းမှာ အားနည်းချက်၊ အားသာချက်တွေရှိကြတော့ လူတိုင်းနဲ့ သင့်မြတ်အဆင်ပြေအောင်နေနိုင်ရင် အထီးကျန်ခြင်းက လျော့ပါးသက်သာနိုင်ပါတယ်။