ခေတ်အဆက်ဆက်လူကြီး၊ လူငယ်မရွေး နှစ်သက်စွဲလမ်းကြတဲ့ R & B သီချင်းတွေအကြောင်းက စိတ်ဝင်စားစရာပါပဲ။ ဂီတကိုရူးသွပ်ကြသူတွေဟာ အချိန်ပြည့်သံစဉ်တေးသွားတွေကြားမှာ စီးမျောပျော်ဝင်နေတတ်ကြပြီး ဆန်းသစ်တဲ့ဂီတအမျိုးအစားတွေကိုလည်း တီထွင်ခဲ့ကြပါတယ်။
Source: pinterest.com
R & B လို့အတိုကောက်ခေါ်ဝေါ်ကြတဲ့ ( Rhythm and Blues ) ဂီတအမျိုးအစားဟာ ၁၉၄၀ပြည့်လွန်နှစ်များက အာဖရိကန်နွယ်ဖွား၊ အမေရိကန်တွေကြားမှာ စတင်ပေါက်ဖွားလာတာပဲဖြစ်ပါတယ်။ ထိုမှတဆင့် ကမ္ဘာနဲ့တစ်ဝှမ်း လူသိများရေပန်းစားလာခဲ့ခြင်း ဖြစ်ပါတယ်။
Source :The Young Folks
လူကြိုက်များတဲ့ R & B ဂီတဟာ Urbane ၊ Rocking နဲ့ Jazz ဂီတ(၃)မျိုးကို အရင်းခံထားတာဖြစ်ပါတယ်။ အဆိုပါတီထွင်မှုဂီတအသစ်ကို တေးသံသွင်းကုမ္ပဏီများက Rhythm and Blues ဟု စတင်အသုံးပြု ခေါ်ဝေါ်ခဲ့ရာမှစ၍ နောက်ပိုင်းတွင် R & B ဆိုပြီး လူသိများလာခဲ့တာဖြစ်ပါတယ်။
Source : Billboard
ပုရိသတွေရဲ့အသည်းစွဲ R & B ဘုရင်မဆိုရင်တော့ Beyonce ကို လူတိုင်းပြေးမြင်ကြမှာပါ။ ဂီတလောကရဲ့ဝင်ငွေအကောင်းဆုံး R & B အမျိုးသမီးအဆိုရှင် Beyonce ဟာ ခင်ပွန်းဖြစ်သူကမ္ဘာကျော်တေး သံရှင် Jay-Z နှင့်အတူ ၂၀၁၈ ခုနှစ်မှာ Everything is love ဆိုတဲ့သီချင်းကိုတွဲဖက်သီဆိုခဲ့ပါတယ်။ အဆိုပါ သီချင်းဟာ ၂၀၁၈ ခုနှစ်ရဲ့ လူကြိုက်များဆုံးသီချင်းများထဲမှာ တစ်ပုဒ်အပါအ၀င်ဖြစ်ခဲ့ပါတယ်။