အမျိုးသားများဟာလည်း အမျိုးသမီးများကဲ့သို့ စိတ်ဓတ်ကျခြင်း၊ စိတ်ဖိစီးခြင်းတွေ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ စိတ်ဆင်းရဲတဲ့အခါ အမျိုးသားတွေ ဘယ်လိုအပြုအမူတွေ ပြုလုပ်တတ်ကြသလဲ။ ဒါကသိပ်နားလည်ရခက်တဲ့ကိစ္စရပ်တစ်ခုပါပဲ။
တိတ်တဆိတ်နေတတ်ခြင်း
Source: cnn.com
အမျိုးသားတွေဟာ တခါတခါမှာ အတော်ထူးဆန်းတတ်ကြပါတယ်။ သူတို့ရဲ့စိတ်ခံစားချက်ကို အလွယ်တကူသိရှိနားလည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စိတ်ဖိစီးမှုတွေနဲ့ကြုံလာတဲ့အခါမှာ အမျိုးသားအများစုဟာ တစ်ယောက်ထဲတိတ်ဆိတ်စွာနေရတာကို ပိုသဘောကျတတ်ကြပါတယ်။
ရင်မဖွင့်လိုခြင်း
Source: The Leading
အထူးသဖြင့် အမျိုးသားတွေဟာ သူတို့ကြုံတွေ့ခံစားနေရတဲ့စိတ်ဖိစီးမှုတွေကို တစုံတယောက်ကို ရင်ဖွင့်ပြောပြဖို့ အရမ်းဝန်လေးတတ်ကြပါတယ်။ တစ်ယောက်ထဲကြိတ်ခံစားပြီး စိတ်ဆင်းရဲမှုကိုကျော်လွှားချင်ကြပါတယ်။
အေးစက်သွားတတ်ခြင်း
Source: thehaystack.org
တစုံတယောက်အပေါ်နာကြည်းပြီ၊ တစုံတခုကြောင့်စိတ်ဖိစီးရပြီဆိုရင် ယောက်ျားတွေရဲ့အမူအရာက အေးစက်ထုံထိုင်းလာတတ်ကြပါတယ်။ ယောက်ျားအများစုဟာ ခံစားချက်တွေကိုရင်ထဲမှာပဲ မြိုသိပ်ထားတတ်ကြပြီး စိတ်ဖိစီးတဲ့အချိန်တွေကို ရင်ဆိုင်တတ်ကြပါတယ်။