၂၀၁၈ မှာတော့ အရင်တုန်းက ဖက်ရှင်တွေကတကျော့ပြန်ပြီး ခေတ်စားလာတယ် ဆိုတာအသေအချာပါပဲ။ အဲ့လို Trend တွေ Throwback ပြန်ဖြစ်လာတဲ့ အထဲမှာမှ Turtleneck လို့ခေါ်တဲ့ သိုးမွှေးထိုးထားသလို ဆွယ်တာတွေလည်း အပါအဝင်ပေါ့။ တစ်ချို့ကတော့ Roll Neck သို့ Polo Neck လို့လည်းခေါ်ကြပါတယ်။
Source: esquire.com
သို့ပေမယ့် အများစုသိထားတာက ဒီလို သိုးမွှေးဆွယ်တာတွေကို Turtleneck လို့ပဲသိကြပါတယ်။ ပုရိသတွေအတွက် မရှိမဖြစ် ဖက်ရှင် အဖြစ် 50s လောက်ထဲကနေ 70s လောက်ထိတောက်လျှောက် ခေတ်စားလာပြီးမှ ခု ၂၁ ရာစုမှာ ပြန်ပြီးနေရာယူလာပါပြီ။ ဖက်ရှင်လောကမှာ လတ်တလော ခေတ်စားလာတာဖြစ်လို့ အလင်းပြလိုက်ရခြင်းပဲဖြစ်ပါတယ်။
Source: esquire.com
တစ်ချို့တွေကတော့ လည်ပင်းမှာကြပ်ပြီး နေရခက်လို့ သိပ်မကြိုက်ပါဘူး။ Sweater ဆိုတော့ ဆောင်းတွင်းဆိုပိုပြီးဝတ်လို့ အဆင်ပြေမယ့် အနေထားတော့ရှိပါတယ်။ ဒါပေမယ့် ဂျက်ကတ်တွေ ကုတ်တွေတောင် ဖက်ရှင်ကျအောင်ဝတ်နေကြသေးတာပဲ။ ဆွယ်တာကို ဘာလို့မဝတ်သင့်ရမှာလဲ ဟုတ်တယ်မလား။
Source: esquire.com
နောက်လာမယ့် နှစ်တွေမှာလည်း Turtleneck ကို ဘယ်လိုတွေ Upgrade လုပ်ပြီးထပ်ထွင်ကြမလဲ မသိနိုင်ပါဘူး။ Dinner တွေဘာတွေသွားတဲ့အခါမှာ Turtleneck ဆွယ်တာပေါ်မှာ Jacket ထပ်ပြီး အောက်က Distressed Jeans အပြဲအပြင် Boot နဲ့ Formal အထာဝတ်ကြကောင်း ဝတ်ကြနိုင်ပါတယ်။ Button up အင်္ကျီတွေအစား ခေါင်းစွပ်ဆွယ်တာလေးတွေကိုလည်း စမ်းဝတ်ကြည့်သင့်ပါတယ်။ ဒါမှ ၂၀၁၉ မှာရှင်သန်နေတဲ့လူဖြစ်မှာပေါ့။