ဒီဖက်ခေတ်မှာ ယောကျာ်းလေးတွေ အလှပြင်တယ်ဆိုတာ သိပ်တော့ မထူးဆန်းတော့ပါဘူး။ မော်ဒယ်၊ မင်းသားတွေသာမက အပြင်က သာမန်လူ ယောက်ျားလေးတွေလည်း မိတ်ကပ်တွေ ခြယ်သလာကြပါတယ်။ တချို့ယောကျာ်းလေးတွေက မိတ်ကပ်လိမ်းချင်ပေမယ့် ဘယ်လို လိမ်းရမလဲမသိတာမျိုးတွေရှိပါတယ်။ ဒီတော့ သဘာဝဆန်ဆန်မိတ်ကပ်လိမ်းခြည်နည်းလေးတွေကို လက်တို့ပေးချင်ပါတယ်။

Source: https://media.gq.com/

သဘာဝဆန်တဲ့ မိတ်ကပ်လိမ်းခြယ်နည်း

Source: https://www.habbana.com/

သန့်စင်တဲ့ မျက်နှာပြင်ပေါ်မှာ နို့ရည် ဒါမှမဟုတ် Moisturizer တစ်ခုခုကို အရင်လိမ်းပေးရပါမယ်။ အသားထဲစိမ့်ဝင်အောင် လိမ်းပြီးရင်တော့ အောက်ခံမိတ်ကပ်လိမ်းပါ။ အောက်ခံမိတ်ကပ်ကို နှာခေါင်းတဝိုက်၊ မျက်ခမ်းထောင့် နဲ့ မျက်လုံးအောက်တွေပါမကျန် ညှိပေးပါ။

Concealer လိမ်းပေးပါ

Source: https://images.theconversation.com

အသားအရောင်မညီတာ ၊ အမည်းစက်နဲ့ အမာရွတ်တွေ ဖုံးဖို့အတွက် Concealer လိမ်းပေးဖို့လိုအပ်ပါတယ်။ ပြီးရင်တော့ ဆွဲရလွယ်တဲ့ မိတ်ကပ်ဖောင်ဒေးရှင်းကို အရည်အမျိုးအစားရွေးချယ်လိမ်းပေးပါ။ မိတ်ကပ်ရွေးချယ်ရာမှာ ကိုယ့်အသားအရောင်ထက် တဆင့်လောက်ဖြူတဲ့ မိတ်ကပ်အရောင်ကို ရွေးချယ်သင့်ပါတယ်။ဒါမှ သဘာဝဆန်ဆန်လှပနေမှာပါ။

မျက်ခုံးမွှေးဆွဲခြင်း

Source: https://s-i.huffpost.com

မျက်ခုံးကို ခပ်သေးသေးမျှင်မျှင်ဆွဲတာထက် ခပ်တုတ်တုတ် ကလေးဆွဲတာက ပိုသဘာဝဆန်ပါတယ်။ Pencil Type ဒါမှမဟုတ် Power Type ကို အသုံးပြုပြီးဆွဲနိုင်ပါတယ်။

Source: http://www.number-helpline.co.uk/

သဘာဝဆန်တဲ့ မိတ်ကပ်ကို လိမ်းဖို့ဆိုရင် အဆင့်ဆင့်လိမ်းခြယ်မှ သဘာဝကျတဲ့ မိတ်ကပ်လိမ်းခြယ်မှုကို ရမှာဖြစ်ပါတယ်။ ယောက်ျားလေးတွေအနေနဲ့လည်း သာမာန်မိတ်ကပ်လိမ်းခြယ်မှုပုံစံထက် သဘာဝဆန်တဲ့ မိတ်ကပ်လိမ်းခြယ်မှုက ပိုအဆင်ပြေမှာဖြစ်ပါတယ်။ ဒီတော့ အထက်ကဖော်ပြခဲ့တဲ့ လိမ်းခြယ်မှုပုံစံတွေအတိုင်း လိမ်းကြည့်ကြနော်။