ဟစ်ဟော့အကတွေထဲမှာ လက်မောင်းကို လှိုင်းလုံးလေးတွေသဖွယ် ကသွားကြတာမြင်ဖူးကြမှာပါ။ ဒီလို လက်မောင်လေးတွေ လှိုင်းလုံးလေးတွေလို ဝေ့ယမ်းပြီး (Dubstep) ကချင်တဲ့သူတွေအတွက် ဒီအကကို ဘယ်လိုက ရမလဲဆိုတာ နည်းနည်းလေးပြောပြပေးမယ်နော်။

Source: howcast.com

အဆင့် ၁
ပထမဆုံးအနေနဲ့ လက်မောင်းကို တန်းထားရမှာပါ လက်မောင်းကို တန်းထားပေမယ့် ဘယ်ဘက်လက်ဖဝါးကို ထောင်ထားရပါမယ်။

အဆင့်၂

Source: howcast.com

အဆင့် ၂ မှာတော့ ထောင်ထားတဲ့ ဘယ်ဘက်လက်ဖဝါးကနေ လက်လေးချောင်းကို ကွေးချလိုက်ပါ။

အဆင့် ၃
ပြီးရင်တော့ ထောင်ထားတဲ့ လက်ဖဝါးကိုပါ အောက် ငိုက်စိုက်လိုက်ပါ။

အဆင့်၎

Source: dancedb.ru

ဘယ်ဘက်လက်ဖဝါးတစ်ခုလုံး ငိုက်စိုက်ကျသွားရင်တော့ အဲဒီဘယ်ဘက်လက်ရဲ့ တတောင်ဆစ်ကနေ အားယူပြီး အပေါ်ဘက်ကို ကွေးတင်လိုက်ပါ။ လက်ဖဝါးကိုလည်း ငိုက်စိုက်ထားရကနေ တတန်းတည်း (မြေပြင်ညီသဖွယ်) ပုံစံပြန်ပြောင်းလိုက်ပါ။ လက်ဖနောင့်နဲ့ ပခုံးက တတန်းတည်းဖြစ်နေပါစေ။

အဆင့် ၅

ဒီအဆင့်ထိပြီးသွားပြီဆိုရင်တော့ တတောင်ကွေးထားတဲ့ နေရာကို လက်ဖဝါးနဲ့ တစ်တန်းတည်းပြန်ပြောင်းလိုက်ပြီး ပခုံးကို မြှင့်လိုက်ပါမယ်။

Source: howcast.com

အဆင့် ၆

ဘယ်ဘက် ပခုံးကို မြှင့်လိုက်ပြီးတာနဲ့ ညာဖက် ပခုံးကိုလည်း လိုက်မြှင့်ရမှာပါ။ ညာဖက်ပခုံးကို မြှင့်ပြီးတာနဲ့ အထက်က အဆင့်တွေကို ၅ ကနေ ၁ အထိပြန်လည်ပြီး ညာဖက်မှာကရမှာဖြစ်ပါတယ်။ ဘယ်ဘက်လက်နဲ့ ဆန့်ကျင်ဘက်ပုံစံ ပြန်သွားမှာပါ။

ညာဖက်လက် ကကွက်များ

Source: wikihow.com

ပထမဆုံး ပခုံးကို မြှင့်လိုက်ပါမယ်။ လက်တွေကို တဖြောင့်တည်းသွားပါမယ်။ ပြီးရင် တံတောင်ဆစ်ကနေ အားယူကွေးပြီး အပေါ်မြှောက်လိုက်ပါ။ ပြီးရင်တော့ လက်ဖဝါးကို ငိုက်စိုက်လိုက်ပြီး နောက်တစ်ဆင့်ကတော့ လက်ဖဝါးကိုထောင်ပြီး လက်လေးချောင်းကိုတော့ ကွေးချထားတာပါ။ ပြီးရင်တော့ လက်ဖဝါးကို ပြန်ထောင်ပါမယ်။ လက်မောင်းကို တန်းထားပါမယ်။

Source: coub.com

ဒီကကွက်လေးတွေက ပထမဆုံးလေ့ကျင့်နေချိန်မှာတော့ ခက်ခဲနေဦးမှာဖြစ်တဲ့အတွက် ဖြေးဖြေးချင်း လေ့ကျင့်ယူပါ။ အလေ့အကျင့်ရလာတဲ့နဲ့အမျှ မြန်မြန်လေး ကကြည့်လို့ရပါပြီ။