ကောင်မလေးတွေ အရေးပေးခံရတဲ့ ချစ်စရာအမျိုးသားတစ်ယောက် ဖြစ်ချင်ပါသလား။ သိပ်တော့မလွယ်ပါဘူးနော်။ ဒါဆိုရင် ယခုဖော်ပြပေးမယ့် ဒီအချက်လေးတွေကိုတော့ လေ့လာကြည့်လိုက်ပါ။

နွေးထွေးမှုရှိပါ။

Source: Shutterstock

ခပ်တည်တည်ကြီးနေတဲ့ယောက်ျားက ဆွဲဆောင်မှုရှိကောင်းရှိနိုင်ပေမယ့် နွေးထွေးဖော်ရွှေတတ်တဲ့ အမျိုးသားကတော့ ကောင်မလေးတွေနဲ့ နီးစပ်မှုပိုရပါလိမ့်မယ်။ မိန်းကလေးတွေက ရင်းနှီးပြူငှာမှုကို သဘောကြတတ်တယ်လေ။

ကူညီရိုင်းပင်းပါ။

Source: Shutterstock

ကိုယ့်ပတ်ဝန်းကျင်မှာ အခက်အခဲဖြစ်နေသူတွေကို အတတ်နိုင်ဆုံးကူညီဖေးမပေးပါ။ ဖြူစင်တဲ့စိတ်နေသဘောထားက မိန်းကလေးတစ်ယောက်ရဲ့ အထင်ကြီးလေးစားမှုတွေကို ဖောဖောသီသီရနိုင်ပါတယ်။

အပြုံးလေးတွေချိုမြပါ။

Source: Shutterstock

အမြဲအပြုံးချိုချိုတွေနဲ့ ချစ်စရာကောင်းနေမယ်ဆိုရင် ခင်မင်ရင်းနှီးချင်တဲ့ မိန်းကလေးတွေက ၀ိုင်းဝိုင်းလည်နေမှာပါ။ ဟန်မဆောင်တတ်တဲ့ အပြုံးတွေနဲ့ မိန်းကလေးတွေကို ဆွဲဆောင်လိုက်အုံးနော်။