သာမန်ယောကျာ်းလေးတစ်ယောက်နဲ့ ဂုဏ်သရေရှိတဲ့ Gentleman တစ်ယောက်ယှဉ်လိုက်တဲ့အခါ Gentleman တစ်ယောက်ရဲ့ စွဲဆောင်နိုင်မှုအားက ပိုပြီးပြင်းပြပါတယ်။ ဒါတင်မကပဲ အကျင့်စာရိတ္တပြည့်စုံတယ်။ အရာအားလုံးကို ဦးဆောင်နိုင်စွမ်းရှိတယ်။ ရင့်ကျက်ပြီး ရဲရင့်တယ်။ အရာရာအားကိုးနိုင်တဲ့ အရည်အချင်းတွေ ပြည့်စုံတယ်။ ဒီအချက်တွေနဲ့တင် မိန်းကလေးတွေအားလုံးရဲ့ နုလုံးသားကို မခြွေလည်း ကြွေအောင် ခူးဆွတ်နိုင်ဆုံး လူတွေဖြစ်လို့နေတယ်။ မိန်းကလေးတိုင်းကြွေကျသွားစေမယ့် စွဲဆောင်မှုရှိတဲ့ Gentleman တစ်ယောက်ဖြစ်စေဖို့အတွက် နည်းလမ်းကောင်း ၈ခုကို မျှဝေပေးလိုက်ပါတယ်။
Source: Shutterstock
တစ်ကိုယ်ရည် သန့်ရှင်းမှု
Gentleman တစ်ယောက်ဟာ အမြဲတမ်းသန့်ရှင်းကျော့မော့နေဖို့လိုအပ်ပါတယ်။ ဒီအတွက် နေ့စဉ်နေ့တိုင်းကိုယ့်ရဲ့ တစ်ကိုယ်ရည်တစ်ကာယသန့်ရှင်းနေစေဖို့အတွက် နေ့စဉ်ပုံမှန်ရေချိုးပါ။ ခန္ဓာကိုယ်တစ်ခုလုံး ပိုးမွှားသန့်ရှင်းနေဖို့လည်း ဂရုတစိုက်ရှိနေဖို့လိုအပ်ပါတယ်။
Source: Shutterstock
စူးရှတဲ့အမွှေးရနံ့
အနံ့ပြင်းလွန်းတဲ့အမွှေးရနံ့တွေ ဆွတ်ဖြန်းခြင်းက ဘေးပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ သင်းပျံပြီး လူရဲ့စိတ်ကိုပေျာ့ပျောင်းသွားစေတဲ့ Perfume ၊ Deodorant တို့ကိုသာ သုံးစွဲပေးပါ။ အလွန်အကျွန်အသုံးပြုခြင်းကိုလည်း ရှောင်ကြဉ်ပါနော်။
Source: Shutterstock
ဆံပင်ပုံသွင်းခြင်း
ဆံပင်ပုံသွင်းခြင်းက ပညာသားပါပါတယ်။ Gentleman တစ်ယောက်အနေနဲ့ ဆံပင်ပုံစံ ပုံပန်းမကျရင် ရှုံ့ချစရာဖြစ်ပါတယ်။ ဒီအတွက် ဆံပင်ပုံသွင်းတဲ့အခါမှာ Gel ပမာဏအများကြီး အသုံးမပြုမိဖို့လိုအပ်ပါတယ်။ Soft Wax ကိုသာ အသုံးပြုပေးပါ။ ဆံပင်ပုံစံကို Classic Style ပုံစံမျိုးကိုသာ ပုံသွင်းပေးပါ။ ဒါဆိုရင်ပိုပြီး ဆွဲဆောင်မှုပိုရှိစေပါတယ်။
Source: Shutterstock
ဝတ်စားဆင်ယင်မှု
ကြေမွနေတဲ့ အင်္ကျီတွေကို ဝတ်ဆင်ခြင်းရှောင်ကြဉ်ပေးပါ။ ဘယ်နေရာကိုပဲသွားသွား ကိုယ့်ရဲ့ အင်္ကျီဟာ သန့်ပြန့်နေဖို့လိုအပ်ပါတယ်။ Fancy အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။ အဝတ်အစားအရောင်ကိုလည်း အသေအချာရွေးချယ်ပေးပါ။ Natural ဘက်နဲ့ ဆက်စပ်တဲ့အရောင်မျိုး (သို့) အရောင်နုလေးတွေကိုသာ ဝတ်ဆင်ပေးပါ။
Source: Shutterstock
စကားပြောဆိုမှု
Gentleman တစ်ယောက်ဖြစ်ဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက်စကား မပြောခင် သင့်လျော်တဲ့ နှုတ်ဆက်မှုကို ပြုလုပ်ပါ။ နှုတ်ဆက်ပြီးလို့စကားပြောတဲ့အခါမှာ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းက လိုရင်းရောက်ပြီး ပြတ်သားနေဖို့လိုအပ်ပါတယ်။ စကားတစ်ခွန်းမပြောခင်မှာ အရင်တွေးတောစဉ်းစားပြီးမှ ပြောဖို့အရမ်းကို အရေးကြီးပါတယ်။ စကားလုံးကိုလည်း ပညာသားပါပါရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။
Source: Shutterstock
နေထိုင်မှုပုံစံ
သာမန်ယောကျာ်းလေးဘဝမှာပြုလုပ်ခဲ့သမျှ အပြုအမူအားလုံးကို မေ့ပျောက်ပစ်ပါ။ လူလည်ခေါင်မှာ ပေါ့ပေါ့ပျက်ပျက်နဲ့ နေထိုင်ခဲ့တာအားလုံးကို ဖျောက်ပစ်ပါ။ လူလည်ခေါင် မဆင်မခြင်လေလည်တတ်တာတွေ၊ အစာစားတဲ့အခါ အသံထွက်ပြီးစားတာတွေအားလုံးကို မပြုလုပ်မိဖို့အရမ်းကိုအရေးကြီးပါတယ်။ ကိုယ်ကိုယ်ကို အမြဲတမ်း သတိရှိရှိနဲ့ နေထိုင်ပေးမှာသာ Gentleman တစ်ယောက်အဖြစ်ရပ်တည်နိုင်မှာဖြစ်ပါတယ်။
Source: Shutterstock
အများနဲ့ ဆက်ဆံမှု
Gentleman ဖြစ်ချင်တဲ့သူအနေနဲ့ အမြဲတမ်းကူညီဖို့ဝန်မလေးတဲ့သူ၊ အများအကျိုးကို ဆောင်ရွက်ဖို့ကို မတွန့်ဆုတ်တဲ့သူဖြစ်နေဖို့လိုအပ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ အမြဲတမ်းလိုက်လျောညီထွေအောင်နေတတ်ဖို့လည်းလိုအပ်ပါတယ်။ ပြဿနာကြုံတွေ့လာရတဲ့အခါဖြစ်စေ၊ အခက်အခဲတစ်ခုဖြစ်လာတိုင်း လွဲချပြီး အပြစ်ပုံချတတ်တဲ့အကျင့်ကိုပြုပြင်ပါ။ ကိုယ်ကိုယ်ကို အမွှန်းတင်မှုကိုလည်း လေျာ့ချပါ။ အများအကောင်းမြင်ဖို့ကို အရင်မကြိုးစားပဲ ကိုယ်ဘက်က စေတနာနဲ့ အားလုံးကို ရိုင်းပင်းကူညီဖို့ကိုသာ ရှေ့တန်းတင်ပေးပါ။
Source: Shutterstock
လေးစားမှု
ဒီအချက်ကတော့ အရေးအကြီးဆုံးအချက်တစ်ခုဖြစ်ပါတယ်။ မိန်းကလေးတွေက လေးစားပြီးတန်ဖိုးထားပေးပါ။ သူတို့ရဲ့ စကားသံတွေကို လေးလေးစားစားနဲ့အချိန်ပေးပြီး နားထောင်ပေးပါ။ အတူတူသွားလာနေတဲ့အခါမျိုးမှာလည်း လမ်းဘေးပလပ်ဖောင်းဘက်ကနေ ကာပြီး လျှောက်ပေးတာမျိုး၊ ဦးစားပေးတာမျိုးတို့ကို ပြုလုပ်ပေးပါ။
ဒီအချက်တွေကိုသာ တစ်ဖြည်းဖြည်းကျင့်ကြံရင်းနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်အောင် အချိန်တိုအတွင်းမှာပြုပြင်ပြောင်းလဲနိုင်ပြီးဖြစ်ပါတယ်။