ဘဝမှာ လူတိုင်းဟာ ကိုယ့်အနီးမှာ ရှိတဲ့ သူတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းဆက်ဆံနေရမယ်ဆိုရင် ဘဝဟာ နေပျော်စရာ ဖြစ်လာမှာပါ။ ဘဝကြီးမှာ အနီးကလူတွေနဲ့ ပျော်ရွှင်တဲ့ Relationship ကို တည်ဆောက်နိုင်မယ်ဆိုရင် အောင်မြင်မှုလည်း ရရှိနိုင်မှာပါ။ အနီးကလူတွေနဲ့ ချစ်ချစ်ခင်ခင် နေထိုင်ဖို့အတွက် ဘာတွေလုပ်ဆောင်သင့်လဲ။

အေးအတူပူအမျှ ခံစားပေးပါ

Source: Reader’s Digest

အနီးအနားကလူတွေနဲ့ ( မိသားစု ၊ ချစ်သူ နဲ့ သူငယ်ချင်း ၊ ဆွေမျိုးသားချင်း) သူတို့ရဲ့ စိတ်ခံစားမှုတွေကို မျှဝေခံစားပါ။ သူတို့ရဲ့ ကောင်းမှု ဆိုးမှု အားလုံးကို လက်ခံနိုင်ရပါမယ်။ သူတို့ရဲ့အောင်မြင်မှုအတွက် ဝမ်းမြောက်ဂုဏ်ယူပေးနိုင်ရမှာဖြစ်သလို သူတို့ရဲ့ကျရှုံးမှုတွေအတွက် နှစ်သိမ့်ဖေးမပေးရပါမယ်။

နွေးထွေးကြင်နာမှုဟာ ကျန်းမာရေးကောင်းစေတယ်

Source: Reader’s Digest

မယုံမရှိပါနဲ့။ တစ်စုံတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ တစ်စုံတစ်ယောက်အတွက်တော့ ကျန်းမာရေးကောင်းစေတဲ့ အားဆေးတစ်ခွက်ပါပဲ။ တစ်ယောက်ယောက်ရဲ့ ချစ်မြတ်နိုးခြင်းကို ခံယူရတာဟာ ကိုယ်ရောစိတ်ပါ လန်းဆန်းတက်ကြွစေပါတယ်။ ဒီလိုအားဆေးမျိုးကို ဘယ်သူ့ဆီကရနိုင်မလဲလို့တော့ မျှော်လင့်မနေပါနဲ့။ ကိုယ်ကိုယ်တိုင် အရင်ပေးဖို့ တွေးပါ။

မေတ္တာပေးရင် မေတ္တာရတယ်

Source: Reader’s Digest

အထက်ကပြောခဲ့သလိုပါပဲ။ ကိုယ်ကိုယ်တိုင်ကအရင် အနီးနားကလူတွေကို ချစ်ခြင်းမေတ္တာ အရင်ပေးရမှာပါ။ ကိုယ်က စိတ်ရင်းအမှန်နဲ့ စေတနာမေတ္တာထားမယ်ဆိုရင် ကိုယ့်ဆီကိုလည်း ချစ်ခြင်းမေတ္တာတွေ တန်ပြန်လာမှာဖြစ်ပါတယ်။ ဒီတော့ အထီးကျန်တယ်၊ ဘာတယ် ထိုင်အော်နေတာထက် ကိုယ့်အနီးနားကလူတွေကို ချစ်ခြင်းမေတ္တာ အပြည့်အဝပေးပါ။

အောင်မြင်မှုရဲ့ သော့ချက်

Source: Red Carpet Heritage Realty

တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ အောင်မြင်မှုရဲ့ သော့ချက်ဖြစ်ပါတယ်။ အနီးအနားကလူတွေအားလုံးနဲ့ ပျော်ရွှင်စရာကောင်းတဲ့ Relationship ကို တည်ဆောက်နိုင်ပြီဆိုရင် စိတ်လည်းကြည်လင်လန်းဆန်းပြီး လုပ်ငန်းခွင်မှာ အောင်မြင်နိုင်မှာပါ။ ဒီတော့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ့်ကိုချစ်ပြီး ကိုယ်က ချစ်ရတဲ့သူတွေနဲ့ ပျော်ရွှင်စရာကောင်းပြီး အပေးအယူမျှတ ဆက်ဆံရေးတွေနဲ့ အောင်မြင်မှုတွေ ရယူပါ။