ကျစ်လစ်တဲ့ကြွက်သားတွေနဲ့ ခန့်ညားတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့အတွက်က အမျိုးသားတိုင်းရဲ့ အိမ်မက်တစ်ခုပါပဲ။ ဒါပေမယ့် အိမ်မက်ပဲမက်နေရုံနဲ့တော့ သန်စွမ်းတဲ့ကြွက်သားတွေကို ဘယ်လိုမှမရနိုင်ပါဘူး။ လေ့ကျင့်ခန်းတွေတစ်ခုပြီးတစ်ခုလုပ်မှသာ အိမ်မက်ကလက်တွေ့ဖြစ်လာမှာပါ။

တောင့်တောင့်တင်းတင်းရှိတဲ့ရင်အုပ်

Source: Advanced Human Performance

Dumbbell လို့ခေါ်တဲ့ ကိရိယာကိုအသုံးပြုပြီး လက်ကိုအပေါ်၊ အောက် ဖြေးညှင်းစွာ ဆွဲတင်၊ ဆွဲချလုပ်ပေးပါ။ အကြိမ် (၆၀) ခန့်ပြုလုပ်ပြီးလျင် စက္ကန့် (၆၀) ခန့် အနားယူပါ။ ပြီးရင်နောက်တစ်ကျော့ပြန်လေ့ကျင့်ပါ။

ကျောပြင်

Source: trainsane.ch

Dumbbell ကို ပုခုံးပေါ်ကနေ လက်နှစ်ဖက်နဲ့အပေါ်ကို ဖြည်းညှင်းစွာမတင်ပါ။ ပြီးလျှင် ဖြည်းညှင်းစွာပုခုံးပေါ်ပြန်တင်ပါ။ (၅) ကြိမ်ခန့်လေ့ကျင့်ပြီး စက္ကန့် (၆၀) ခန့်အနားယူပါ။ ပြီးရင်နောက် (၅) ကြိမ်ပြန်လ့ကျင့်ပါ။

အထူးတောင့်တင်းတဲ့ခြေထောက်

Source: FitnessVigil

ခြေထောက်ကို သင့်တော်တဲ့အနေအထားခြားပြီး မတ်တတ်အနေအထားနဲ့ လက်နှစ်ဖက်ကိုအရှေ့ဆန့်ထုတ်ထားပါ။ ထို့နောက် အောက်ကိုဖြေးညှင်းစွာထိုင်ချပါ၊ ပြန်ထပါ။ (၁၀) ကြိမ်ခန့်လေ့ကျင့်ပြီးပါက (၅) မိနစ်ခန့်အနားယူပါ။ ပြီးရင်နောက် (၁၀) ကြိမ်ပြန်လေ့ကျင့်ပါ။