တချို့သောလူတွေဟာ သူတို့ရဲ့ဘဝတလျှောက်လုံး ဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုပြီးစဉ်းစားနေကြပါတယ်။ဒါပေမယ့် နည်းလမ်းကိုတော့ တွေ့ရှိခြင်းမရှိပါဘူး။လူတိုင်းက အောင်မြင်မှုသော့ချက်ကို လိုချင်ကြတာချည်းပါပဲ။

လူတိုင်းပျော်ရွှင်ကျန်းမာတဲ့ဘဝ၊ ပိုက်ဆံများများရတဲ့အလုပ်တွေလိုချင်ကြတာချည်းပဲ။ လူတိုင်းပြီးပြည့်စုံတဲ့ဘဝကို တောင်းတကြတာချည်းပါပဲ။အခု kwee page ကပြောပြမယ့်အကြောင်းအရာတွေက အောင်မြင်မှုဆီလျှောက်လှမ်းဖို့ လိုအပ်တဲ့ အခြေခံလေးတွေပါ။

ပြောင်းလဲခြင်းကနေစပါ

Source: Forbes

အောင်မြင်မှုဆိုတာ မွေးရာပါအရည်အချင်းလည်းမဟုတ်သလို ဥာဏ်ကောင်းတာနဲ့လည်းမဆိုင်ပါဘူး။ အောင်မြင်မှုဟာ ကျနော်တို့ရဲ့မိသားစုလည်းမဟုတ်သလို သူငယ်ချင်းအပေါင်းအသင်းတွေလို ပေါင်းသင်းလို့ လွယ်ကူတဲ့အရာလည်းမဟုတ်ပါဘူး။

အောင်မြင်မှုလမ်းကြောင်းဆီ လျှောက်လှမ်းချင်တယ်ဆိုရင် ဘဝမှာပြောင်းလဲစရာရှိတာပြောင်လဲရပါမယ်။ အပြောင်းအလဲ တခုခုလုပ်ဖို့ ကြောက်ရွံ့နေမယ်ဆိုရင် အောင်မြင်မှုဆိုတာနဲ့ အလှမ်းဝေးသွားပါလိမ့်မယ်။ည (၁၁) မှအိပ်ရာဝင်လေ့ ရှိတယ်ဆိုရင် (၁၀) နာရီခွဲလောက်အိပ်ရာဝင်ချိန်ပြောင်းလဲလိုက်ပါ။

အလုပ်အမြဲတမ်းနောက်ကျလေ့ ရှိတယ်ဆိုရင် ပုံမှန်အလုပ်သွားချိန်ကို ၁ နာရီလောက် စောသွားပေးပါ။ အားတိုင်းဖုန်းကိုပဲ ကြည့်မိနေတယ်ဆိုရင် ဖုန်းကိုဝေးဝေးမှာထားလိုက်ပါ။ ဖုန်းအစား စာအုပ်တအုပ်ကို ကောက်ကိုင်ပြီး ဖက်တာမျိုးလုပ်ပါ။အောင်မြင်မှု ရဖို့ဆိုရင် ဒီလိုအသေးစား အကျင့်လေးတွေကနေ အရင်ဆုံးစတင်ပြောင်းလဲဖို့ ကြိုးစားပါ။

အောင်မြင်မှုရဲ့အဓိကသော့ချက် (၄) ခု

Source: Evolution Eat

အောင်မြင်မှုရဲ့အဓိကသော့ချက် (၄) ခု ကတော့

(၁) ကိုယ်လိုချင်တာ၊ ကိုဖြစ်ချင်တာ ဘာလဲသိအောင်ကြိုးစားပါ။ ကိုယ်ဘယ်လမ်းကိုသွားချင်လဲ ရှင်းရှင်းလင်းလင်း သိပါစေ။

(၂) ကိုယ်လိုချင်တာရဖိုနဲ့ ကိုဖြစ်ချင်တာဖြစ်လာဖို့ Deadline (အချိန်တခု) သတ်မှတ်ပါ။

(၃) ကိုယ်ချမှန်ထားတဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ပါ။ အမြဲတမ်း ဒါမှမဟုတ် နေ့တိုင်း ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ကြိုးစားပါ။

(၄) နောက်ဆုံးတချက်ကတော့ ဘယ်လိုအခတ်အခဲတွေပဲ ရှိလာရှိလာ လုံးဝလက်မလျှော့ဖို့ပါပဲ။

အောင်မြင်သူတွေဆီကနေ နည်းလမ်းတွေသင်ယူပါ

Source: E News

လူ့ဘဝကြီးက တိုတောင်းလွန်းလှပါတယ်။ အရာအားလုံးကို လိုက်လုပ်ကြည့်နေဖို့ အချိန်မလောက်ပါဘူး။ အခြားအောင်မြင်နေတဲ့သူတွေဆီကနေ နည်းလမ်းတွေ အလွယ်တကူ သင်ယူလို့ရပါတယ်။

US ကိုတည်ထောင်သူတယောက်ဖြစ်တဲ့ Ben Franklin (ဘန် ဖရက်ကလင်း) က “ကျနော်တို့တွေဟာ တခြားသူတွေဆီက အကြံညဏ်တွေ၊ အောင်မြင်မှုလမ်းစဉ်တွေကို ဝယ်ယူနိုင်တယ် ဒါမှမဟုတ် ငှားယူနိုင်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ လူတွေက ဝယ်ယူနေကြတာပါပဲ။ တန်ကြေးအနေနဲ့ကတော့ တန်ဖိုးရှိတဲ့အချိန်တွေ ဆုံးရှုံးရတာပါပဲ” လို့ပြောထားပါတယ်။

ဥပမာအနေနဲ့ ကွီးတို့ စာအုပ်တအုပ်ရေးချင်တယ်ဆိုပါစို့။ အရောင်းရဆုံး စာအုပ်တွေရဲ့ လမ်းစဉ်အတိုင်း လိုက်လို့ရပါတယ်။ သူတို့ရဲ့အမှားတွေဆီကနေ သင်ယူပါ။ သူတို့ရဲ့ကောင်းတဲ့လိုထင်ရတဲ့ လမ်းစဉ်တွေကို လိုက်နာကျင့်သုံးပါ။ ဒါက တန်ဖိုးရှိတဲ့အချိန်တွေ ဖြုန်းတီးခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။