နွေနေ့လည်ခင်းတွေဟာ အခုနောက်ပိုင်းမှာ တအားကိုဆိုးဆိုးဝါးဝါးပူလောင်လွန်းပါတယ်။ နေ့လည်စာတွေလည်းမစားနိုင်တော့သလို တစ်နေ့တစ်နေ့ မိုးလင်းမိုးချုပ်ရေတွေ၊ အအေးတွေပဲသောက်ပြီး နှစ်ပါးသွားနေရပါတယ်။ ဒီလိုနွေရဲ့ ပူလောင်မှုတွေရဲ့ ကြားမှာ ဘယ်လိုနေထိုင်ကြမလဲဆိုတာကလည်း ခုချိန်မှာအရမ်းကိုအရေးကြီးနေပါပြီ။
နွေနေ့လည်ခင်းတွေမှာ ကိုယ်လက်လှုပ်ရှားတာတွေရှောင်ပါ
Source: www.insight.co.kr
ဒီလိုပူပြင်းလှတဲ့ နွေနေ့ရက်တွေမှာ ကိုယ်လက်လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန်လုပ်တာကိုရှောင်ကြဉ်သင့်ပါတယ်။ နွေနေပူကြီးထဲမှာကိုယ်လက်လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်တဲ့အခါ ကိုယ်တွင်းကရေဓာတ်ခမ်းခြောက်ပြီးခေါင်းမူးတာ၊ အားမရှိသလိုခံစားရတာတွေနဲ့အတူ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ကိုအားသွန်ခွန်စိုက် ပြုတာမျိုးရှောင်ပါ။
နေပူထဲထိုင်နေတာလျှောက်သွားတာ
Source: running.competitor.com
နေပူထဲထိုင်နေတာ၊ နေပူထဲလျှောက်သွားတာတွေကို တတ်နိုင်သမျှရှောင်ကြဉ်ဖို့လိုပါတယ်။ နေရဲ့အပူဒဏ်ဟာ ပင်ပန်းနွမ်းနယ်စေခြင်း၊ မူးဝေစေခြင်းတို့ကို ဖြစ်စေနိုင်တဲ့အပြင် အသားအရေကိုလည်း နေလောင်ဒဏ်တွေနဲ့ ညိုမည်းကွက်တွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
ဘယ်အချိန်တွေမှာ နေပူဒဏ်ကိုရှောင်ကြဉ်သင့်ပါသလဲ။
Source: www.nytimes.com
ဖြစ်နိုင်ရင်တော့ အိမ်ထဲကအိမ်ပြင်မထွက်ဘဲ နေပူဒဏ်ကိုရှောင်ကြဉ်သင့်တာပါ။ နေပူဒဏ် ကိုယ့်ကိုမထိစေဖို့ သတိပြုရမယ့်အချိန်တွေကတော့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နဲ့ မထိတွေ့အောင်တတ်နိုင်သမျှ ရှောင်ကြဉ်စေချင်ပါတယ်။
ရေများများသောက်ပါ
Source: lucasjamespersonaltraining.com
နေအရမ်းပူတော့ လူတွေကရေခဲရေတို့ အအေးတို့အပေါ် ဓာတ်ကျပြီး တစ်နေကုန်တစ်နေခမ်းအအေးနဲ့ ရေခဲနဲ့ပတ်သက်သမျှတွေပဲ လှိမ့်စားလှိမ့်သောက်နေကြပါတယ်။ ဒါဟာကျန်းမာရေးနဲ့ လုံးဝမညီညွတ်ပါဘူး။ ဖြစ်နိုင်သမျှ တတ်နိုင်သမျှ ရေဆာတိုင်းရေများများသောက်ကြဖို့ပဲတိုက်တွန်းပါရစေ။