အများကြားမှာ လင်းလက်တောက်ပနေပြီး ထင်ရှားပေါ်လွင်နေစေတဲ့ ခန့်ငြားမှုမျိုးပိုင်ဆိုင်နိုင်ဖို့ ဘာတွေလုပ်သင့်ပါသလဲ။ မိန်းကလေးတွေလို ကာလာရောင်စုံခြယ်ပြီး အလှပြင်နေရတာမျိုး မဟုတ်တဲ့အတွက် ယောက်ျားလေးတွေအနေနဲ့ ကိုယ့်အနေအထိုင်နဲ့ စားသောက်မှုပုံစံတွေကို အထူးဂရုစိုက်ရမှာပါ။ ဒါကြောင့် သဘာဝအတိုင်း ကျန်းမာစိုပြေကိုယ်လူချောဖြစ်စေဖို့ နည်းလမ်းတချို့ကို  ဝေမျှပါရစေ။

တစ်နေ့ကို ရေ ၂ လီတာပြည့်အောင် သောက်ပါ

Source: img.aws.livestrongcdn.com

ကြည်လင်ဝင်းပတဲ့မျက်နှာနဲ့ အသားအရေကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ တစ်နေ့ကို ရေ ၂ လီတာသောက်ဖို့ လိုအပ်ပါတယ်။ အသားဖြူတာ၊ အသားညိုတာ၊ အသားမည်းတာတွေက တကယ်တော့ ချောတာနဲ့လားလားမှမဆိုင်ပါဘူး။ အရေးကြီးတာက အသားအရောင်မဟုတ်ဘဲ ကြည်လင်စိုပြေမှုပါ။ ဒီလိုကြည်လင်စိုပြေမှုရဖို့ဆိုရင် နေ့စဉ် ရေကိုလိုအပ်တဲ့အတိုင်းအတာအထိ သောက်ပေးရပါမယ်။ ဒါဆိုရင်တော့ အသားအရေမွဲခြောက်ကြမ်းတမ်းမှုတွေကို ကျော်လွှားနိုင်ပါပြီ။

အုန်းရည်ကို နေ့စဉ်သောက်ပါ

Source: 3.bp.blogspot.com

ရေသောက်ပြီးရင်လည်း နောက်ထပ်အုန်းရည်သောက်ပေးဖို့ မမေ့ပါနဲ့။ သဘာဝအတိုင်း အသားအရေကို ထိထိရောက်ရောက် ကြည်လင်နိုင်စွမ်းရှိတဲ့ နောက်ထပ်အရည်တစ်မျိုးကတော့ အုန်းရည်ပါ။ အုန်းရည်ကို နေ့စဉ်တစ်လုံးလောက် သောက်ပေးရုံနဲ့ ကျန်းမာရေးအတွက်ကော အသားအရေအတွက်ပါ အထူးကောင်းမွန်စေပါတယ်။

ဗီတာမင် စုံလင်ပါစေ

Source: plnami.blob.core.windows.net

ဗီတာမင်စုံလင်နေအောင် ဖြည့်တင်းစားသုံးဖို့လည်းလိုအပ်ပါတယ်။ ဗီတာမင်စုံလင်နေမှ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အားနည်းချက်မရှိဖြစ်မှာပါ။ ဗီတာမင်ချို့တဲ့ရင်တော့ ဟိုနေရာကပုံစံတစ်မျိုး ဒီနေရာကပုံစံတစ်မျိုးနဲ့ လိုအပ်ချက်တွေ ပြည့်နေမှာဖြစ်ပါတယ်။ ဒီတော့ ဗီတာမင်စုံလင်နေအောင် ဖြည့်တင်းစားသုံးခြင်းအားဖြင့် မျက်နှာ၊ ခန္ဓာကိုယ်၊ ဆံပင်၊ ခြေသည်းလက်သည်းနဲ့ အသားအရေတို့အတွက် ကောင်းကောင်းအထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။

စိတ်ပျော်ရွှင်အောင်နေပါ

Source: corpomoderno.com.br

ကိုယ်ရောင်ကိုယ်ဝါတောက်ပပြီး လူအများကြား ထင်းကနဲပေါ်လွင်နေတဲ့သူဟာ ကိုယ့်ဘဝကိုယ် စိတ်ပျက်အားငယ်နေတဲ့လူမျိုးတော့ မဟုတ်ပါဘူး။ ဝင်းပတဲ့အပြုံးတစ်ခုကို ပိုင်ဆိုင်တဲ့သူမျိုးပါ။ ဒီလိုဝင်းလက်တောက်ပတဲ့အပြုံးကို ပိုင်ဆိုင်နေဖို့ဆိုရင် စိတ်ပျော်ရွှင်နေမှ ပြုံးရွှင်စွာနေနိုင်မှာဖြစ်လို့ စိတ်ပျော်ရွှင်မှုကလည်း အထူးအရေးကြီးပါတယ်။