[Zawgyi]

ယေန႔ေခတ္လူငယ္ေတြဟာ အိမ္နဲ႔ေက်ာင္း (သို႔) အလုပ္နဲ႔အိမ္ ပဲသြားလာလႈပ္ရွားေနၾကတာမ်ားပါတယ္။ တခ်ိဳ႕လူငယ္ေတြကေတာ႔ ဂိမ္းဆိုင္မွာ အခ်ိန္ကုန္ၾကပါတယ္။ၾကာလာတဲ့အခါ တက္တက္ႂကြႂကြနဲ႔ ဖ်က္ဖ်က္လတ္လတ္ မရွိၾကေတာ႔ဘူး။ ဒါဆိုရင္ က်န္းမာဖ်တ္လတ္တဲ႔ လူငယ္တေယာက္ျဖစ္ဖို႔ ဘာေတြေရွာင္ရမလဲ ဘာေတြလုပ္သင္႔သလဲ။ ဒီေန႔ kwee page ကေျပာျပေပးသြားမွာပါ။

၁။ အိမ္မွာေနရင္လည္း တက္ႂကြဖ်က္လတ္ေနပါေစ

Source: One Get Fit

အိမ္အလုပ္နဲ႔ ၿခံအလုပ္ေတြကလည္း ကယ္လိုရီေတြကို ေကာင္းေကာင္း ေလာင္ကြၽမ္းႏိုင္ပါတယ္။ ထမင္းစားၿပီးတာနဲ႔ တီဗီၾကည့္မယ့္အစား အိမ္အလုပ္ေတြ ဝိုင္းကူတာ၊ အဝတ္ေတြေလွ်ာ္တာ အိမ္အနီးအနား သန္႔ရွင္းေရးေတြ လုပ္တာစသျဖင္႔ လႈပ္လႈပ္ရွားရွားေနေပးပါ။

၂။ ေပ်ာ္႐ႊင္စရာေတြ ဖန္တီးယူပါ

Source: Sites at Penn State

တက္ႂကြဖ်က္လတ္ဖို႔ ေလ့က်င့္ခန္းခ်ည္း လုပ္ဖို႔မလိုပါဘူး။ ကခုန္တာ ဒါမွမဟုတ္ ေဘာလုံးကစားတာမ်ိဳးေတြကို အခါအားေလ်ာ္စြာ လုပ္ႏိုင္ပါတယ္။ အိမ္နီးနားခ်င္းေတြနဲ႔ အတူကစားတာ ဒါမွမဟုတ္ လႈပ္လႈပ္ရွားရွားကစားရတဲ႔ ဂိမ္းမ်ိဳးေတြ ကစားေပးပါ။

၃။ ခႏၶာကိုယ္ကို လႈပ္ရွားမႈ ျပဳလုပ္ပါ

Source: Unsplash

သိပ္မေဝးတဲ့ေနရာေတြဆိုရင္ ကား၊ ဘက္စ္ကားေတြနဲ႔ သြားမယ့္အစား ေျခလွ်င္ေလွ်ာက္ပါ။ ျဖစ္နိူင္လွ်င္ ဓါတ္ေလွကားကို တတ္ႏိုင္သေလာက္ မသုံးပါနဲ႔။

၄။ ဝါသနာပါရာလုပ္ပါ

Source: Oasdom

လမ္းေလွ်ာက္တာ၊ စက္ဘီးစီးတာနဲ႔ ေရကူးတာ စသည္ျဖင့္ ကိုယ္ႀကိဳက္တဲ့ အားကစားလုပ္ပါ။ ဒါက က်န္းမာလာဖို႔အတြက္ စိတ္အားထက္သန္မႈကို ေပးပါတယ္။ ျပီးေတာ႔ မိမိရဲ႕ဝါသနာဟာ တေန႔က်ရင္ ဘဝအတြက္ အေရးပါအရာအေရာက္လာနိူင္ပါတယ္။

၅။ မိသားစုဝင္ေတြနဲ႔ အတူျဖတ္သန္းပါ

Source: Dissolve

သင့္ခ်စ္တဲ့သူ ဒါမွမဟုတ္ မိသားစုဝင္ေတြနဲ႔ဆို ပိုေကာင္းတဲ့အခ်ိန္ေတြ ရရွိေစမွာအမွန္ျဖစ္ပါတယ္။ ေခြးေလးနဲ႔ အတူတူလမ္းေလွ်ာက္တာပဲ ျဖစ္ျဖစ္ မိသားစုဝင္ေတြနဲ႔ပဲျဖစ္ျဖစ္ လမ္းေလွ်ာက္ရတာတကယ္ေပ်ာ္ဖို႔ေကာင္းပါတယ္။မိသားစုထက္အေရးႀကီးတာမရွိပါဘူး။ မိသားစုဝင္ေတြနဲ႔ အခ်ိန္ျဖဳန္းေပးတာက ရင္းနွီးခ်စ္ခင္မႈ ပိုလာေစပါတယ္။

ဒီအခ်က္ေတြက ကိုယ္ပိုင္ေလ့က်င့္ခန္းလုပ္ဖို႔ အစီအစဥ္ဆြဲတဲ့ေနရာမွာ အေထာက္အကူ ျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကိုယ္လက္ေလ့က်င့္ခန္း လုပ္ဖို႔အတြက္ ျပင္းထန္တဲ့ ေလ့က်င့္မႈေတြ၊ ေလ့က်င့္ေရးစင္တာေတြသြားဖို႔ မလိုပါဘူး။ ကယ္လိုရီေတြေလာင္ကြၽမ္းဖို႔ ကိုယ္လက္လႈပ္ရွားမႈေတြ လိုတယ္ဆိုတာ သိထားဖို႔သာ အေရးႀကီးပါတယ္။

[Unicode]

ယနေ့ခေတ်လူငယ်တွေဟာ အိမ်နဲ့ကျောင်း (သို့) အလုပ်နဲ့အိမ် ပဲသွားလာလှုပ်ရှားနေကြတာများပါတယ်။ တချို့လူငယ်တွေကတော့ ဂိမ်းဆိုင်မှာ အချိန်ကုန်ကြပါတယ်။ကြာလာတဲ့အခါ တက်တက်ကြွကြွနဲ့ ဖျက်ဖျက်လတ်လတ် မရှိကြတော့ဘူး။ ဒါဆိုရင် ကျန်းမာဖျတ်လတ်တဲ့ လူငယ်တယောက်ဖြစ်ဖို့ ဘာတွေရှောင်ရမလဲ ဘာတွေလုပ်သင့်သလဲ။ ဒီနေ့ kwee page ကပြောပြပေးသွားမှာပါ။

၁။ အိမ်မှာနေရင်လည်း တက်ကြွဖျက်လတ်နေပါစေ

Source: One Get Fit

အိမ်အလုပ်နဲ့ ခြံအလုပ်တွေကလည်း ကယ်လိုရီတွေကို ကောင်းကောင်း လောင်ကျွမ်းနိုင်ပါတယ်။ ထမင်းစားပြီးတာနဲ့ တီဗီကြည့်မယ့်အစား အိမ်အလုပ်တွေ ဝိုင်းကူတာ၊ အဝတ်တွေလျှော်တာ အိမ်အနီးအနား သန့်ရှင်းရေးတွေ လုပ်တာစသဖြင့် လှုပ်လှုပ်ရှားရှားနေပေးပါ။

၂။ ပျော်ရွှင်စရာတွေ ဖန်တီးယူပါ

Source: Sites at Penn State

တက်ကြွဖျက်လတ်ဖို့ လေ့ကျင့်ခန်းချည်း လုပ်ဖို့မလိုပါဘူး။ ကခုန်တာ ဒါမှမဟုတ် ဘောလုံးကစားတာမျိုးတွေကို အခါအားလျော်စွာ လုပ်နိုင်ပါတယ်။ အိမ်နီးနားချင်းတွေနဲ့ အတူကစားတာ ဒါမှမဟုတ် လှုပ်လှုပ်ရှားရှားကစားရတဲ့ ဂိမ်းမျိုးတွေ ကစားပေးပါ။

၃။ ခန္ဓာကိုယ်ကို လှုပ်ရှားမှု ပြုလုပ်ပါ

Source: Unsplash

သိပ်မဝေးတဲ့နေရာတွေဆိုရင် ကား၊ ဘက်စ်ကားတွေနဲ့ သွားမယ့်အစား ခြေလျှင်လျှောက်ပါ။ ဖြစ်နိူင်လျှင် ဓါတ်လှေကားကို တတ်နိုင်သလောက် မသုံးပါနဲ့။

၄။ ဝါသနာပါရာလုပ်ပါ

Source: Oasdom

လမ်းလျှောက်တာ၊ စက်ဘီးစီးတာနဲ့ ရေကူးတာ စသည်ဖြင့် ကိုယ်ကြိုက်တဲ့ အားကစားလုပ်ပါ။ ဒါက ကျန်းမာလာဖို့အတွက် စိတ်အားထက်သန်မှုကို ပေးပါတယ်။ ပြီးတော့ မိမိရဲ့ဝါသနာဟာ တနေ့ကျရင် ဘဝအတွက် အရေးပါအရာအရောက်လာနိူင်ပါတယ်။

၅။ မိသားစုဝင်တွေနဲ့ အတူဖြတ်သန်းပါ

Source: Dissolve

သင့်ချစ်တဲ့သူ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ဆို ပိုကောင်းတဲ့အချိန်တွေ ရရှိစေမှာအမှန်ဖြစ်ပါတယ်။ ခွေးလေးနဲ့ အတူတူလမ်းလျှောက်တာပဲ ဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ပဲဖြစ်ဖြစ် လမ်းလျှောက်ရတာတကယ်ပျော်ဖို့ကောင်းပါတယ်။မိသားစုထက်အရေးကြီးတာမရှိပါဘူး။ မိသားစုဝင်တွေနဲ့ အချိန်ဖြုန်းပေးတာက ရင်းနှီးချစ်ခင်မှု ပိုလာစေပါတယ်။

ဒီအချက်တွေက ကိုယ်ပိုင်လေ့ကျင့်ခန်းလုပ်ဖို့ အစီအစဉ်ဆွဲတဲ့နေရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့အတွက် ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ၊ လေ့ကျင့်ရေးစင်တာတွေသွားဖို့ မလိုပါဘူး။ ကယ်လိုရီတွေလောင်ကျွမ်းဖို့ ကိုယ်လက်လှုပ်ရှားမှုတွေ လိုတယ်ဆိုတာ သိထားဖို့သာ အရေးကြီးပါတယ်။