အမျိုးသားတစ်ယောက်ရဲ့ ဘ၀ဖြတ်သန်းမှုမှာ အပေါ်ယံသွင်ပြင် စတိုင်ကျခန့်ညားနေရုံနဲ့ မလုံလောက်ပါဘူး။ စိတ်ဓာတ်နဲ့အရည်အချင်းတွေလည်း လိုအပ်ပါတယ်။ စစ်မှန်တဲ့အရည်အချင်းတွေပြည့်ဝပြီး စမတ်ကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့အတွက် အောက်ပါအချက်တွေကို လေ့လာကျင့်သုံးကြည့်လိုက်ပါ။

လေ့လာမှုအားကောင်းခြင်း

ဘ၀ရဲ့အတွေ့အကြုံတွေဟာ မမြင်ရတဲ့ဆရာတစ်ဆူပဲဖြစ်ပါတယ်။ နေ့စဉ်ဖြတ်သန်းနေရတဲ့ဘ၀အပေါ်မှာ ဇွဲ၊လုံ့လတွေနဲ့ကြုံလာသမျှလောကဓံကို အပြုသဘောလေ့သာသင်ယူနိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။

တက်ကြွလန်းဆန်းနေခြင်း

Source: Shutterstock

စိတ်ဓာတ်ကျစရာကိစ္စတွေနဲ့ ရင်ဆိုင်နေရချိန်တွေမှာတောင်မမှုဘဲ အမြဲတက်ကြွလန်းဆန်းနေဖို့ လိုအပ်ပါတယ်။ အခက်အခဲတွေကြားထဲကိုရောက်တဲ့အခါမှာ ကိုယ့်မိသားစုနဲ့သူငယ်ချင်းတွေက ကိုယ့်ကြောင့် ခွန်အားတွေရရှိနိုင်မှာဖြစ်ပါတယ်။

ရဲရင့်ပြတ်သားခြင်း

Source: seedoctornow.com

ကိစ္စရပ်တိုင်းကို ရဲရင့်စွာရင်ဆိုင်ပြီး ဆုံးဖြတ်ချက်တွေကိုပြတ်သားစွာချနိုင်တဲ့ အရည်အချင်းတွေလိုအပ်ပါတယ်။ ထက်မြတ်တဲ့ယောက်ျားတစ်ယောက်မှာ တွေဝေခြင်း၊ မပြတ်သားခြင်းဆိုတာတွေမရှိနိုင်ပါဘူး။

ဦးဆောင်နိုင်စွမ်းရှိခြင်း

Source: 123coolpictures.com

ထူးချွန်ပြီးစတိုင်ကျတဲ့ ယောက်ျားတိုင်းမှာ ဦးဆောင်နိုင်စွမ်းရှိကြပါတယ်။ အရာရာကို နောက်လိုက်သဘောမျိုး ရေသာခိုတဲ့အကျင့် လုံးဝမရှိသင့်ပါဘူး။