အခုခေတ်မှာ ကောင်မလေးတွေက ပိန်သေးသွယ်ချင်လို့ ကြိုးစားပမ်းစား လေ့ကျင့်ခန်းတွေလုပ်နေချိန်မှာ အမျိုးသားတွေကလည်း ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ ကြည့်လို့ကောင်းစေဖို့ အသည်းအသန် အားထုတ်နေကြပါတယ်။

စိတ်ကူးထဲက ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်ဖို့အတွက်က လေ့ကျင့်ခန်းတစ်ခုတည်းကိုပဲ ကွက်ပြီးတော့လုပ်ပေးနေလို့မရပါဘူး။ နေပုံထိုင်ပုံ၊ သွားပုံလာပုံ၊ စားပုံသောက်ပုံ စသဖြင့် အများကြီး ဂရုတစိုက်ရှိရပါတယ်။

No Pain, No Gain ဆိုသလိုပဲ အငတ်မခံ၊ ဂရုမစိုက်ဘဲနဲ့ ဘာရလဒ်ကောင်းမှ မရလာနိုင်ပါဘူး။ ဒါကြောင့် ကိုယ်ရဲ့ ရည်မှန်းချက်က ကယ်လိုရီပေါင်း ၁၅၀၀ လောက်ကို ဖယ်ရှားပစ်ဖို့ဆိုရင်တော့ ဒီသုံးချက်ကို သေချာမှတ်သားထားပါ။

ပရိုတင်းဓာတ် များများသုံးစွဲပါ

Source: Live Science

ပုံမှန်စားနေကြ အစားအစာအထဲမှာ ပရိုတင်းဓာတ်များများ ထည့်သွင်းစားသုံးပေးခြင်းက ပြည့်အင့်မှုခံစားချက်ကို တိုးမြှင့်စေတာကြောင့် အချိန်ကြာကြာ ဗိုက်ဆာခြင်းကို ခံစားရမှာမဟုတ်ပါဘူး။

ကော်ဖီ သို့မဟုတ် လက်ဖက်စိမ်းသောက်ပေးပါ

Source: oukosher.org

တစ်နေ့တာလုံးမှာ ကော်ဖီ ၄ ခွက်မှ ၆ ခွက်အထိ သောက်သုံးပေးပါက ကယ်လိုရီပေါင်း ၁၅၀ လောက်ကို လောင်ကျွမ်းစေနိုင်ပါတယ်။ လက်ဖက်ရည်စိမ်းလည်း ဒီလိုပါပဲ။ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တဲ့ လက်ဖက်ရည်စိမ်းကို တစ်နေ့လျှင် ၃ ခွက် သောက်သုံးပေးပါက ကယ်လိုရီပေါင်း ၁၈၀ လောက်ကို ၂၄ နာရီအတွင်း လောင်ကျွမ်းစေနိုင်ပါတယ်။

များများအိပ်ပါ

Source: www.uib.no

ကျန်းမာကြံ့ခိုင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်ဖို့အတွက် အထူးလိုအပ်တဲ့ အိပ်စက်ခြင်းကို အချိန်ကြာကြာပြုလုပ်ပေးမယ်ဆိုရင် အစာစားချိန်လည်း လျော့နည်းသွားမှာဖြစ်တာကြောင့် ကယ်လိုရီတွေတက်မှာလည်း ပူစရာလိုတော့မှာမဟုတ်ပါဘူး။

အစပ်များများစားပါ

Source: BuzzFeed Multiplayer

ငရုပ်သီးတွေမှာပါဝင်တဲ့ Capsaicin ဟာဆိုရင် ခန္ဓာကိုယ်တွင်းရောက်ရှိတဲ့အခါ အပူဓာတ်ကိုဖြစ်စေတာကြောင့် ချွေးတွေထွက်ကာ ကိုယ်တွင်းကအဆီတွေကို ဖယ်ရှားနိုင်မှာပါ။

တစ်နေ့လျှင် ငရုပ်သီးအနည်းငယ်ထည့်သွင်းပြီး စားသုံးခြင်းက ကယ်လိုရီပေါင်း ၁၃၀ ကို လောင်ကျွမ်းစေနိုင်မှာဖြစ်ပါတယ်။

Featured Image Source: gq.com