ယောက်ျားလေးအများစုရဲ့ လက်တွေက ခြောက်သွေ့ကြမ်းတမ်းတတ်ကြပါတယ်။ ဒါဟာ ဂရုမစိုက်လို့ဖြစ်တာပါ။ ယောက်ျားလေးဆိုပေမယ့်လည်း လက်ကိုတော့ ဂရုတစိုက်နေသင့်ပါတယ်။ ဒီလက်တွေကပဲ ဘဝရဲ့ အောင်မြင်မှုတွေဆီ ဖမ်းဆုပ်နိုင်မှာ ဖြစ်သလို ဒီလက်တွေကပဲ ကိုယ်ချစ်တဲ့သူရဲ့ လက်ကို တွဲကိုင်ဖေးမပေးနိုင်မှာဖြစ်ပါတယ်။

Source: Norris Dermatology & Laser

နူးညံ့တဲ့ လက်ကလေးတွေကိုရရှိစေဖို့

Source: sunny923.com

လက်ကို ဂရုမစိုက်ချင်ပါဘူးလို့ ဘယ်လောက်ပဲဆိုဆို ယောက်ျားကြီးတန်မဲ့ လက်က နုနေတာပဲ ဆိုတဲ့ ချီးမွမ်းစကားကိုတော့ ယောက်ျားတိုင်း သဘောကျတတ်ကြပါတယ်။ နူးညံ့တဲ့ လက်ဖဝါးကို  ပိုင်ဆိုင်ဖို့ ဘာတွေလုပ်ရမလဲ။

ဘာတွေ လုပ်သင့်လဲ။

Source: Hindustan Times

နူးညံ့ချောမွေ့တဲ့ လက်တွေ၊ ခြေထောက်တွေ ပိုင်ဆိုင်နိုင်ဖို့ အစိုဓာတ်ဖြည့်ခရင်မ် Moisturizing Cream ပုံမှန်လိမ်းပေးဖို့လိုပြီး ညအိပ်တိုင်း ပါးလွှာတဲ့ ချည်သားလက်အိတ်တွေ၊ ခြေအိတ်လေးတွေ စွပ်ထားပေးသင့်ပါတယ်။ ယောက်ျားလေးမို့ လူသိမှာလည်း ကြောက်စရာမလိုပါဘူး။ ညအိပ်ခါနီးမှ လုပ်ရမှာဖြစ်တဲ့အတွက် ဘာမှစိတ်ပူစရာမလိုပါဘူး။

အရေးကြီးဆုံးအချက်

Source: Ape To Gentleman

အရေးကြီးဆုံးအချက်က လက်ခဏခဏဆေးတတ်တာပါ။ လက်ဆေးတာက ပြဿနာမဟုတ်ပေမယ့် လက်ကို လိုအပ်တာထက် ခဏခဏဆေးတာကတော့ ပြဿနာပါ။ မလိုအပ်ဘဲ လက်ခဏခဏဆေးတာဟာ လက်ကို ခြောက်သွေ့သွားစေပါတယ်။ ဒီတော့ မလိုအပ်ဘဲ လက်ကို ခဏခဏဆေးတာမျိုးရှောင်ကြဉ်ပါ။