ယောင်္ကျားလေးတိုင်း ဂျင်းနဲ့ ပတ်သတ်တဲ့အရာတစ်ခုခုတော့ရှိကြပါတယ်။ ဂျင်းဘောင်းဘီအပြင်နောက်ထပ် အဝတ်ဆင်ဖြစ်ဆုံးအရာက ဂျင်း Jacket တွေပဲဖြစ်မှာပါ။ ကိုယ့်ရဲ့ ဂျင်း Jacket တွေကို ဘယ်လိုထိန်းသိမ်းကြမလဲ?

Source: Shutterstock

ဝယ်ယူပြီး အနည်းဆုံး ၆ လအတွင်းမှာ မလျှော်ပါနဲ့။ ဂျင်းဘောင်းဘီ ၊ Jacket တွေက အခြားချည်ထည်အဝတ်အစားတွေလိုမျိုးမဟုတ်ပဲ လျှော်ဖွတ်လိုက်ရင် အရောင်ပြယ်သွားမှာဖြစ်ပါတယ်။

ဗီနီဂါအရည်ထဲစိမ်ပြီး သန့်ရှင်းပါ။

ဗီနီဂါဟာ လျှော်ဖွတ်နိုင်တဲ့ အစွမ်းသတ္တိရှိပြီးတော့ ဗီနီဂါကို ရေအနည်းငယ်ရောပြီး ကိုယ့် ဂျင်း Jacket ကို နာရီဝက်လောက် စမ်ထားတာက သန့်ရှင်းပေးနိုင်မှာပါ။ ခြောက်သွားတဲ့အချိန်မှာ အနံ့လည်း ကျန်မှာမဟုတ်ပါဘူး။

ရေနွေးက ဂျင်းအဝတ်အထည်တွေကို အရောင်ပြယ်သွားစေရုံတင်မဟုတ်ပဲ ကျုံ့ပါ ကျုံ့သွားစေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် လျှော်ဖွတ်တော့ပဲဆိုရင် ရေနွေးငွေ့ကိုပဲ အသုံးပြုပါ။

အပြင်မှာ လှန်းရင် အမြဲတမ်း ပြောင်းပြန်လှန်ပါ။

ဂျင်းအသားက အကြမ်းခံတာပဲဆိုပြီး ရေစိုနေတဲ့အချိန်၊ ဒါမှမဟုတ် နေလှန်းတဲ့အချိန်မှာ ဒီအတိုင်းမလှမ်းပါနဲ့။ နေရောင်ကြောင့် အရောင်ပျက်ပြယ်သွားနိုင်တဲ့အတွက်ကြောင့် ပြောင်းပြန်ပဲ လှမ်းပါ။

ကဲ.. ဒီအချက်လေးတွေနဲ့ ကိုယ့်ရဲ့ စတိုင်ကျတဲ့ ဂျင်း Jacket လေးတွေကို ထိန်းသိမ်းကြတာပေါ့။