ကိုယ့်ရဲ့ မွေးနေ့ပွဲ၊ ကိုယ့်မောင်နှမသားချင်း၊ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းအတွက် မွေးနေ့ပွဲလေး ကျင်းပတဲ့အခါ အမှတ်ရစရာကောင်းတဲ့ ပျော်ရွှင်စရာမွေးနေ့ပွဲဖြစ်ဖို့အရေးကြီးပါတယ်။ မွေးနေ့ရှင်ကို သူ့ရဲ့မွေးနေ့မှာ ထူးခြားတဲ့ခံစားချက်လေး၊ မိမိက အရေးပါတဲ့သူတစ်ယောက်ပါလားလို့ ခံစားသွားရအောင် ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

ဘယ်လိုနည်းလမ်းတွေနဲ့ မွေးနေ့ရှင်အတွက် ပျော်စရာကောင်းတဲ့ မွေးနေ့ပွဲဖန်တီးပေးကြမလဲ။

မွေးနေ့ပွဲကို ဘယ်သူတွေကို ဖိတ်မှာလဲ

Source: birthdaydino.com

ဒီအချက်ကတော့ မွေးနေ့ရှင်ကို သေချာမေးသင့်ပါတယ်။ မွေးနေ့ရှင်မသိအောင် ပြင်ဆင်ထားတယ်ဆိုရင်တော့ မသိမသာလေးမေးထားကြည့်ပါ။ ရင်းနှီးခင်မင်တဲ့သူ အနည်းငယ်နဲ့ပဲ အတူတူဆင်နွှဲချင်တာလား၊ သူငယ်ချင်းအပေါင်းအသင်းအများကြီးနဲ့ ပျော်ပါးချင်တာလားဆိုတာ သိအောင် ပြုလုပ်ပါ။ လူအများကြီးဖိတ်ထားတယ်ဆိုရင် မွေးနေ့ရှင်စိတ်ကျဉ်းကြပ်တာမျိုးတွေ ဖြစ်တတ်လို့ပါပဲ။

ခြံဝန်းထဲမှာ အကင်လုပ်စားပါ

Source: potatorolls.com

ခြံဝန်းက အကျယ်ကြီးဆိုရင် အိမ်ထဲမှာ ပါတီပြုလုပ်မယ့်အစား ခြံဝန်းကျယ်ကြီးထဲမှာပဲ ဘာဘီကျူးပါတီပြုလုပ်ပါ။ ရေ၊ ဖျော်ရည် အအေးမျိုးစုံကိုလည်း စုံလင်စွာ တည်ခင်းဧည့်ခံထားဖို့ လိုအပ်ပါမယ်။

ဂိမ်းကစားခြင်း

Source: en.softonic.com

သူငယ်ချင်းတွေ စုံနေတဲ့အခါ ဒီအတိုင်းထိုင်ပြီး စကားစမြည်ပြောရတာ အချိန်ကြာလာရင် ငြီးငွေ့လာပါလိမ့်မယ်။ ဒါ့ကြောင့် လူစုံတက်စုံနဲ့ ဂိမ်းအတူတူကစားပြီး ပျော်စရာအချိန်တွေ ကုန်ဆုံးလို့ရပါတယ်။

ရုပ်ရှင်ကြည့်ခြင်း

Source: onekindesign.com

တီဗွီနဲ့မကြည့်ဘဲ ပရိုဂျက်တာအကြီးကြီးနဲ့ လူအများကြီး အေးအေးဆေးဆေးကြည့်လို့ရမယ့် ရုပ်ရှင်ရုံကို မိမိဧည့်ခန်းမှာ (သို့) ခြံဝန်းထဲမှာ ပြင်ဆင်ထားလိုက်ပါ။

ကာရာအိုကေဆိုပါ

Source: yellowpages.ca

ဖိတ်ထားတဲ့ဧည့်သည်တွေ မပျင်းရအောင်လို့ သေချာပြင်ဆင်ထားသင့်တဲ့အရာထဲမှာ သီချင်းဆိုတာလည်း ပါပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ပါးပါးသီချင်းဆိုနိုင်ဖို့ ပြင်ဆင်ထားလိုက်ပါ။

လွတ်လွတ်လပ်လပ်ကခုန်နိုင်ဖို့ သီချင်းမြူးမြူးလေးတွေ ဖွင့်ထားလိုက်ပါ

Source: karafun.com

ကခုန်ခြင်းက စိတ်လက်ပေါ့ပါးစေပြီး စိတ်ဖိစီးမှုတွေကိုလည်း ပြေပျောက်စေတာကြောင့် မွေးနေ့ရှင်မှမဟုတ်ပါဘူး၊ ဧည့်သည်တွေအကုန်လုံး ပျော်ရွှင်မှုတွေ ကူးစက်သွားဖို့အတွက် ကခုန်လို့ရအောင် စီစဉ်ထားပါ။