[Unicode]

အိမ်သစ်တက်ပွဲပြုလုပ်ရခြင်းက ကိုယ့်မိသားစုဝင်တွေ ပတ်ဝန်းကျင်အသစ်၊ အိမ်နီးနားချင်းအသစ်တွေနဲ့ တစ်ရပ်ကွက်တည်းအတူနေရတော့မှာဖြစ်တဲ့အတွက် အိမ်နီးနားချင်းတွေနဲ့ ခင်မင်ရင်းနှီးမှုတည်ဆောက်တဲ့ပွဲလေးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုအရဆိုရင်တော့ အိမ်သစ်တက်ပွဲပါတီမပြုလုပ်ဘဲ အိမ်သစ်တက်ပွဲအလှူသာ ပြုလုပ်လေ့ရှိကြပါတယ်။

ဒါဆိုရင် လူကြီးတွေအတွက် မနက်ပိုင်းမှာ အလှူပြုလုပ်ပြီးသွားပြီဆိုရင် လူငယ်တွေအတွက် ညနေစောင်းလောက်မှာ ပါတီပွဲလေးကျင်းပပေးမယ်ဆိုရင် ပိုမကောင်းသွားဘူးလား။ ပါတီပွဲကျင်းပဖို့အတွက် ဘာတွေလိုအပ်မလဲဆိုတာ ခဏလောက်လေ့လာကြည့်လိုက်ရအောင်။

အလောတကြီးမလုပ်မိပါစေနဲ့။

Source: Freshome.com

ကိုယ့်အိမ်အသစ်မှာ ပစ္စည်းတွေ နေရာတကျ စီစီရီရီဖြစ်နေဖို့လိုပါတယ်။ အိမ်က ဘာမှအလှမဆင်ရသေးဘဲနဲ့ ဧည့်သည်တွေဖိတ်လို့မရတာကြောင့် အေးအေးဆေးဆေးနဲ့ အချိန်ရအောင်ယူပါ။

ဧည့်သည်တွေကို ကြိုတင်ဖိတ်ကြားထားပါ။

Source: Pinterest.com

တစ်ပတ်လောက်ကြိုပြောထားမယ်ဆိုရင်လည်း ဧည့်သည်တွေက မေ့သွားတတ်တာကြောင့် နှစ်ရက်၊ သုံးရက်လောက် ကြိုတင်ဖိတ်ကြားထားပါ။ ဒီနေ့ညနေ ကျင်းပမှာကို မနက်မှ ဖိတ်ကြားခြင်းကလည်း ဧည့်သည်ကိုမလေးစားရာရောက်ပါတယ်။

အိမ်ရှေ့မြေကွက်လပ်မှာလည်း အလှဆင်ထားပါ။

Source: Babycouture.in

ဖိတ်ကြားထားတဲ့ဧည့်သည်ဦးရေနဲ့ မိမိအိမ်အကျယ်အဝန်းကို တွက်ချက်ထားပါ။ တကယ်လို့ သင့်အိမ်က ကျဉ်းနေမယ်ဆိုရင်တော့ အိမ်ရှေ့က မြေကွက်လပ်အလွတ်လေးမှာလည်း တစ်ခါတည်း နေရာထိုင်ခင်းလှလှပပလေး ပြင်ဆင်ထားလိုက်ပါ။

ပါတီပွဲရဲ့ Theme ကို သေချာရွေးချယ်ထားပါ။

Source: Blog.socialnightlife.com

ပါတီပွဲရဲ့ အပြင်အဆင်ကို ချစ်စရာကောင်းတဲ့ပုံစံ ပြင်ဆင်မှာလား၊ အလန်းစား အမိုက်စားပြင်ဆင်မှာလားဆိုတာကို သေချာစဉ်းစားပါ။ စဉ်းစားပြီးမှ စတင်ပြင်ဆင်ရပါမယ်။ နို့မဟုတ်ရင် ချစ်စရာကောင်းတာရော၊ အလန်းစားအပြင်အဆင်တွေ ရောပြွမ်းသွားပြီး မျက်စိနောက်စရာဖြစ်သွားနိုင်ပါတယ်။

အစားအသောက်တွေကို သေသေချာချာပြင်ဆင်ထားပါ။

Source: Partyjoys.com

ပါတီပွဲကိုလာရောက်မယ့် ဧည့်သည်အရေအတွက်နဲ့ အစားအသောက်တွေကလည်း လောက်ငှဖို့အရေးကြီးပါတယ်။ နို့မဟုတ်ရင် စောလာတဲ့ဧည့်သည်တွေစားသောက်ပြီးတဲ့အခါ နောက်ကျလာတဲ့ဧည့်သည်တွေအတွက် စားစရာမလောက်ရင် ကိုယ်ကိုတိုင်ပဲ မျက်နှာပူစရာဖြစ်နေပါလိမ့်မယ်။

တေးဂီတအကူအညီနဲ့ ပါတီပွဲကို အသက်ဝင်လာအောင် ပြုလုပ်ပါ။

Source: Csform.com

အိမ်သစ်တက်ပွဲပါတီဖြစ်တဲ့အတွက် သင့်အိမ်ကိုနွေးနွေးထွေးထွေးဖြစ်တဲ့ပုံပေါက်ဖို့ ကျယ်လောင်ဆူညံ့တဲ့သီချင်းတွေထက် ငြိမ့်ငြိမ့်ညောင်းညောင်းသီချင်းလေးတွေသာ ဖွင့်ထားလိုက်ပါ။ သီချင်းလေးတွေရဲ့အကူအညီနဲ့ သင့်ပါတီပွဲက အသက်ဝင်လာမှာဖြစ်ပြီး လာရောက်တဲ့ဧည့်သည်တွေအတွက်လည်း ကောင်းမွန်တဲ့အမှတ်တရတစ်ခုကိုဖန်တီးပြီးသားဖြစ်သွားတာပေါ့။

[Zawgyi]

အိမ္သစ္တက္ပြဲျပဳလုပ္ရျခင္းက ကိုယ့္မိသားစုဝင္ေတြ ပတ္ဝန္းက်င္အသစ္၊ အိမ္နီးနားခ်င္းအသစ္ေတြနဲ႔ တစ္ရပ္ကြက္တည္းအတူေနရေတာ့မွာျဖစ္တဲ့အတြက္ အိမ္နီးနားခ်င္းေတြနဲ႔ ခင္မင္ရင္းႏွီးမႈတည္ေဆာက္တဲ့ပြဲေလးပဲျဖစ္ပါတယ္။ ျမန္မာႏို္င္ငံရဲ႕ယဥ္ေက်းမႈအရဆိုရင္ေတာ့ အိမ္သစ္တက္ပြဲပါတီမျပဳလုပ္ဘဲ အိမ္သစ္တက္ပြဲအလွဴသာ ျပဳလုပ္ေလ့႐ွိၾကပါတယ္။

ဒါဆိုရင္ လူႀကီးေတြအတြက္ မနက္ပိုင္းမွာ အလွဴျပဳလုပ္ၿပီးသြားၿပီဆိုရင္ လူငယ္ေတြအတြက္ ညေနေစာင္းေလာက္မွာ ပါတီပြဲေလးက်င္းပေပးမယ္ဆိုရင္ ပိုမေကာင္းသြားဘူးလား။ ပါတီပြဲက်င္းပဖို႔အတြက္ ဘာေတြလိုအပ္မလဲဆိုတာ ခဏေလာက္ေလ့လာၾကည့္လိုက္ရေအာင္။

အေလာတႀကီးမလုပ္မိပါေစနဲ႔။

Source: Freshome.com

ကိုယ့္အိမ္အသစ္မွာ ပစၥည္းေတြ ေနရာတက် စီစီရီရီျဖစ္ေနဖို႔လိုပါတယ္။ အိမ္က ဘာမွအလွမဆင္ရေသးဘဲနဲ႔ ဧည့္သည္ေတြဖိတ္လို႔မရတာေၾကာင့္ ေအးေအးေဆးေဆးနဲ႔ အခ်ိန္ရေအာင္ယူပါ။

ဧည့္သည္ေတြကို ႀကိဳတင္ဖိတ္ၾကားထားပါ။

Source: Pinterest.com

တစ္ပတ္ေလာက္ႀကိဳေျပာထားမယ္ဆိုရင္လည္း ဧည့္သည္ေတြက ေမ့သြားတတ္တာေၾကာင့္ ႏွစ္ရက္၊ သံုးရက္ေလာက္ ႀကိဳတင္ဖိတ္ၾကားထားပါ။ ဒီေန႔ညေန က်င္းပမွာကို မနက္မွ ဖိတ္ၾကားျခင္းကလည္း ဧည့္သည္ကိုမေလးစားရာေရာက္ပါတယ္။

အိမ္ေ႐ွ႕ေျမကြက္လပ္မွာလည္း အလွဆင္ထားပါ။

Source: Babycouture.in

ဖိတ္ၾကားထားတဲ့ဧည့္သည္ဦးေရနဲ႔ မိမိအိမ္အက်ယ္အဝန္းကို တြက္ခ်က္ထားပါ။ တကယ္လို႔ သင့္အိမ္က က်ဥ္းေနမယ္ဆိုရင္ေတာ့ အိမ္ေ႐ွ႕က ေျမကြက္လပ္အလြတ္ေလးမွာလည္း တစ္ခါတည္း ေနရာထိုင္ခင္းလွလွပပေလး ျပင္ဆင္ထားလိုက္ပါ။

ပါတီပြဲရဲ႕ Theme ကို ေသခ်ာေရြးခ်ယ္ထားပါ။

Source: Blog.socialnightlife.com

ပါတီပြဲရဲ႕ အျပင္အဆင္ကို ခ်စ္စရာေကာင္းတဲ့ပံုစံ ျပင္ဆင္မွာလား၊ အလန္းစား အမိုက္စားျပင္ဆင္မွာလားဆိုတာကို ေသခ်ာစဥ္းစားပါ။ စဥ္းစားၿပီးမွ စတင္ျပင္ဆင္ရပါမယ္။ ႏို႔မဟုတ္ရင္ ခ်စ္စရာေကာင္းတာေရာ၊ အလန္းစားအျပင္အဆင္ေတြ ေရာျပြမ္းသြားၿပီး မ်က္စိေနာက္စရာျဖစ္သြားႏိုင္ပါတယ္။

အစားအေသာက္ေတြကို ေသေသခ်ာခ်ာျပင္ဆင္ထားပါ။

Source: Partyjoys.com

ပါတီပြဲကိုလာေရာက္မယ့္ ဧည့္သည္အေရအတြက္နဲ႔ အစားအေသာက္ေတြကလည္း ေလာက္ငွဖို႔အေရးႀကီးပါတယ္။ ႏို႔မဟုတ္ရင္ ေစာလာတဲ့ဧည့္သည္ေတြစားေသာက္ၿပီးတဲ့အခါ ေနာက္က်လာတဲ့ဧည့္သည္ေတြအတြက္ စားစရာမေလာက္ရင္ ကိုယ္ကိုတိုင္ပဲ မ်က္ႏွာပူစရာျဖစ္ေနပါလိမ့္မယ္။

ေတးဂီတအကူအညီနဲ႔ ပါတီပြဲကို အသက္ဝင္လာေအာင္ ျပဳလုပ္ပါ။

Source: Csform.com

အိမ္သစ္တက္ပြဲပါတီျဖစ္တဲ့အတြက္ သင့္အိမ္ကိုေႏြးေႏြးေထြးေထြးျဖစ္တဲ့ပံုေပါက္ဖို႔ က်ယ္ေလာင္ဆူညံ့တဲ့သီခ်င္းေတြထက္ ၿငိမ့္ၿငိမ့္ေညာင္းေညာင္းသီခ်င္းေလးေတြသာ ဖြင့္ထားလိုက္ပါ။ သီခ်င္းေလးေတြရဲ႕အကူအညီနဲ႔ သင့္ပါတီပြဲက အသက္ဝင္လာမွာျဖစ္ၿပီး လာေရာက္တဲ့ဧည့္သည္ေတြအတြက္လည္း ေကာင္းမြန္တဲ့အမွတ္တရတစ္ခုကိုဖန္တီးၿပီးသားျဖစ္သြားတာေပါ့။