စမတ်ကျတဲ့ သူတစ်ယောက်အဖြစ်လည်း နေချင်တယ်။ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုပုံစံကိုလည်း ရိုးအီနေပြီလို့ ယူဆပြီး ကိုယ့်ရဲ့ ပုံစံကို ပြောင်းလဲပစ်ချင်ပေမယ့် ဘယ်လိုပြောင်းလဲပစ်ရမလဲ မသိဘူးဆိုတဲ့ ကိုကိုတို့အတွက် ကိုယ့်ရဲ့ လူနေမှုစတိုင်ကို ပုံစံပြောင်းလို့ရမယ့် အချက်လေးတွေ နည်းနည်းမျှဝေပေးချင်ပါတယ်။

Source: i.ytimg.com

Source: i.ytimg.com

အန်းတိတ်အဝတ်အစားပုံစံတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ဝတ်နေကျ ပုံစံတွေထဲက ကွဲထွက်အောင် ဝတ်ဆင်ပါ။ ပုံစံကွဲပေမယ့် ကြည့်ရတာ သေသေသပ်သပ်နဲ့ စမတ်ကျနေဖို့တော့ လိုပါတယ်။ သင့်ကို ဒီဇိုင်းတစ်ခုထဲနဲ့ ပုံသေဖြစ်နေတဲ့ လူတိုင်းရဲ့ အမြင်တွေကို ပြောင်းလဲပစ်လိုက်ပါ။

Source: i.ytimg.com

အရာအားလုံး အဆင်ပြေတယ် ဒီတိုင်းထားလိုက်မယ်ဆိုတဲ့ အယူအဆတွေကို ပြုပြင်ဖို့အချိန်ကျပါပြီ။ ဘာဝတ်ရမှန်းမသိတဲ့ နေ့တွေမှာ အဟောင်းတွေကို ဒီတိုင်း ထုတ်ဝတ်လိုက်မယ်ဆိုရင်လည်း ကြည့်ရအတော်ဆိုးနေမှာပါ။ ဒီတိုင်း ပစ်ထားလိုက်ရင်လည်း အတော်နှမြောစရာကောင်းပါတယ်။ ဒီတော့ အားလပ်တဲ့ အချိန်တစ်ခုမှာ ကိုယ်နဲ့ ဝတ်ရအဆင်မပြေတဲ့ အဝတ်အစားတွေကို ဆိုင်မှာ သွားပြီး ပြင်လိုက်ဖို့ အကြံပေးပါရစေ။

Source: cdn.gobankingrates.com[/caption]

ငွေများများသုံးပါ အဝတ်အစားတော့ နည်းနည်းပဲဝယ်ပါ။ ဆိုလိုတာက ဈေးပေါတာမျိုးတွေပဲ လိုက်ရှာဝယ်မနေပါနဲ့။ လူတွေကြားထဲ သွားလာတဲ့အခါမျိုးမှာ ဈေးပေါတာနဲ့ အရည်အသွေးရှိတာဟာ အတော်ကို ထင်ထင်ရှားရှား ကွဲပြားပါတယ်။ ဒီတော့ ဈေးပေါတာတွေ အများကြီး မဝယ်ဘဲ ကွာလတီမီတဲ့ အဝတ်အစားတွေကိုသာ တစ်စုံ နှစ်စုံ စသဖြင့် စုဆောင်းထားပါ။

Source: cdn.shopify.com

သင့်အတွက် မလိုအပ်ဘူးဆိုရင်တောင် Suit တစ်စုံလောက်တော့ ဝယ်ထားသင့်ပါတယ်။ ဝတ်ဆင်ဖို့ လိုအပ်တဲ့အချိန်ကျမှ ကမန်းကတမ်း ထဝယ်တာထက်စာရင် သင့်ဗီဒိုထဲမှာ သင့်ကိုယ်တိုင်းနဲ့ အံကိုက်ဖြစ်နေတဲ့ Suit တစ်ထည်က လိုကိုလိုအပ်တဲ့ အရာတွေထဲမှာပါပါတယ်။

Source: www.ties.com

အညိုရောင်နဲ့ အမည်းရောင် ဖိနပ်တွေချည်းပဲ စုမထားပါနဲ့ ။ ခရေဇီကာလာတွေနဲ့အတူ အနီရောင် ၊ အပြာရောင်နဲ့ မီးခိုးရောင် ဖိနပ်လေးတွေလည်း စုထားသင့်ပါတယ်။အဝတ်အစားနဲ့ ဖိနပ် မအပ်မစပ်ဖြစ်မှာလည်း သိပ်စိတ်မပူပါနဲ့ ။ ဒါတွေက သင် မစုမဖြစ် စုဆောင်းထားသင့်တဲ့ လိုအပ်တဲ့ ဖက်ရှင်တွေဖြစ်နေလို့ပါ။