အလုပ်အကိုင် ( career) ဆိုတဲ့စကားစုတစ်စုဟာ လူသားတွေရဲ့ဘ၀မှာတော့ အရေးပါအရာရောက်လှပါတယ်။ လူတိုင်းလူတိုင်းဟာ အသက်ရှင်ရပ်တည်ဖို့နဲ့ ၀မ်းဝဖို့အတွက် အလုပ်တစ်ခုခုကို အရွယ်ရောက်လာတဲ့အခါမှာ လုပ်ကိုင်ရပါတယ်။ ကိုယ်ပိုင်စီးပွားရေးပဲလုပ်မလား၊ ဘယ်လိုအလုပ်မျိုးရွေးချယ်သင့်လဲဆိုတဲ့ မေးခွန်းက လူသားတွေရဲ့ဘ၀ကို အမြဲလိုလိုစိန်ခေါ်နေပါတယ်။ အလုပ်အကိုင်တစ်ခုကို ဘယ်လိုရွေးချယ်မလဲဆိုတာကိုး ပြောချင်လွန်းလို့မှဖော်ပြသွားမှာဖြစ်ပါတယ်။
Source: Complete Wellbeing
ကျနော်တို့မြန်မာနိုင်ငံမှာတော့ ဘ၀အလှည့်အပြောင်းတစ်ရပ်ကိုဖြစ်စေတဲ့ အချိန်ကာလကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်ချိန်ဖြစ်ပါတယ်။ ထိုစာမေးပွဲရဲ့ ရလာဒ်ကိုကြည့်ပြီး မိမိတို့တတ်ရမည့် တက္ကသိုလ်ကို ရွေးချယ်ရသောကြောင့်ဖြစ်ပါတယ်။ စာမေးပွဲမှာ အမှတ်များများဂုဏ်ဆာဆာနဲ့အောင်မြင်ခဲ့သူတစ်ချို့ကတော့ ဆရာဝန်၊ အင်ဂျင်နီယာ၊ နည်းပညာပညာရှင်အစရှိတဲံ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေကို တတ်ခွင့်ရခဲ့ပင်မဲ့ သာမန်ကျောင်းသားတွေကတော့ အသက်မွေးဝမ်းကြောင်းမဟုတ်တဲ့ ဘာသာတွဲတွေကိုသာတတ်ရောက်ရပါတယ်။ အဓိကက ဘာသာတွဲတွေကို တတ်ရောက်ခဲ့တဲ့ကျောင်းသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းပါပဲ။ လေးနှစ်တာကျောင်းတတ်ပြီးချိန်မှာ ဘာအလုပ်လုပ်လို့ လုပ်ရမှန်းမသိတဲ့ ကျောင်းသားတွေကို သင့်ပတ်ဝန်းကျင်မှာမြင်ဖူးမှာပါ။
Source: Complete Wellbeing
အလုပ်အကိုင်တစ်ခုရွေးချယ်ပြီဆိုတာနဲ့ ကိုယ်ရဲ့ စွမ်းရည်( talent) ကိုပြသနိုင်တဲ့ အလုပ်အကိုင်မျိုးကိုရွေးချယ်မိပါစေ။ ကိုယ်က စာသင်တာကိုး ၀ါသနာပါရင် ပညာရပ်တစ်ခုခုမှ ထွန်းဖောက်အောင်လောက်ပြီးစာသင်စားတာမျိုး၊ အနုပညာကို ၀ါသနာပါရင်အနုပညာလုပ်တာမျိုးကို လုပ်ကြည့်ပါ။ တချို့ကိုယ်တိုင်က၀ါသနာပါတော့လည်း ကိုယ်ရဲ့အလုပ်အကိုင်မဖြစ်လာသင်တဲ့အလုပ်တွေလည်းရှိပါတယ်။ သဘောင်္သားအလုပ်ကို ၁၀ လကြာလုပ်ပြီး စာသင်စားနေတဲ့လူအချို့၊ ဆရာဝန်လက်မှတ်ကိုင်ပြီး သရုပ်ဆောင်လုပ်နေတဲ့လူအချို့ကိုလည်းမြင်ဖူးပါတယ်။
Source: Complete Wellbeing
အဓိကကတော့ မိမိလုပ်ချင်တဲ့ အလုပ်အကိုင်နဲ့ ၀ါသနာကိုနီးစပ်အောင်ထားဖို့ပါပဲ။ သူများတွေရဲ့ထင်မြင်ချက်တွေကို သိပ်ပြီးအရေးမစိုက်ပါနဲ့။ မိမိလျောက်ရမည့်ဘ၀လမ်းကိုသာ အားကြိုးမာန်တတ်လျောက်ဖို့လိုပါတယ်။ နိုင်ငံရပ်ခြားမှာတော့ သာမန်ဝန်ထမ်းဘ၀ comfort ဇုန်ကရုန်းထွက်ပြီးအောင်မြင်တဲ့စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တွေရှိပါတယ်။ ကိုယ်ကသူတို့လိုဖြစ်ချင်သလားဆိုတဲ့မေးခွန်းကိုလည်း အကြိမ်ကြိမ်ပြန်မေးပါ။
Source: Complete Wellbeing
အဓိကကတော့ ရည်မှန်းချက်တစ်ခုခုကိုကြိုးစားဖို့ပါပဲ။ အလီဘာဘာရဲ့ ပဲ့ကိုင်ရှင်ဂျက်မားဟာ MBA ဘွဲ့ရတစ်ယောက်မဟုတ်ခဲ့သလို စာတော်တဲ့လူတစ်ယောက်လည်းမဟုတ်ခဲ့ပါဘူး။ စီးပွားရေးပညာရှင်ကြီးမဟုတ်ပင်မဲ့ယနေ့အချိန်မှာ ကောင်မွန်တဲ့အလုပ်အကိုင်တည်နေရာကိုရရှိနေပြီဖြစ်ပါတယ်။
အလုပ်အကိုင်ကောင်းတစ်ခုကိုရွေးချယ်တတ်ဖို့ ဘ၀မှာအရေးကြီးလှပါတယ်။ ထို့ကြောင့်မိမိနဲ့ကိုက်ညီမယ့်အလုပ်အကိုင်တွေကိုရွေးချယ်ရင်း ဘ၀ကို ရှင်သန်နိုင်ပါစေလို့ အကြံပေးလိုက်ရပါတယ်။