ကိုယ့်ပတ်ဝန်းကျင်မှာမင်းလုပ်ရင် ဘာမှဖြစ်မှာ မဟုတ်ပါဘူးလို့ လှောင်ပြောင်သူတွေနဲ့ ဘာအကြောင်းပဲပြောပြောအလကားပါကွာဆိုပြီးဝင်ဖျက်တတ်သူတွေ ကြောင့် စိတ်ဓာတ်ကျနေကြပြီလား။ တကယ်တော့ သူတို့ပြောလိုက်တဲ့ အတိုင်း  အလကားတွေ ဖြစ်လာမှာမဟုတ်ပါဘူး ကိုယ်လုပ်လိုက်တိုင်း ဘာမှ ဖြစ်မလာဘူးဆိုတာတွေက သူတို့ရဲ့ပြောစကားကြောင့်မဟုတ်ပါဘူး။  ကိုယ့်ကြောင့်ပဲ ဖြစ်လာတာပါ။

အဖျက်သမားပေါတယ်

Source: 29secrets.com

လောကမှာအဖျက်သမားတအားကိုပေါပါတယ်။ ဘာမှတောင် မပြောရမလုပ်ရသေးဘူး။ ဖြစ်လာမှာမဟုတ်ဘူးလုပ်မနေနဲ့ ဆိုတာတွေကအရင်လာတာပါ။ ဘာပဲဖြစ်ဖြစ် အဲဒီစကားတွေကိုအရေးစိုက်မနေပါနဲ့။ ကိုယ် လုပ်ဖို့ တွေးခေါ်ကြံစည်ထားတာတွေကို ဖြစ်အောင် လုပ်ဆောင်လိုက်ပါ။

အကြံကောင်းပေးမယ့်သူရှားတယ်

Source: ravishly.com

တကယ်တော့ လောကမှာအကြံကောင်းအဥာဏ်ကောင်းပေးပြီးကိုယ့်ကိုကောင်းတဲ့နေရာကောင်းတဲ့လုပ်ရပ် ကောင်းတဲ့အဖြစ်တွေ ရရှိအောင် ထောက်ပံ့ကူညီပေးသူကဟာတကယ်ကိုရှားတာပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့ အကျိုးစီးပွားအတွက် အားတက်သရောကူညီထောက်ပံ့ပေးသူတွေ့တဲ့အခါမှာမိတ်ဆွေကောင်းအဖြစ်လက်လွှတ်မခံပါနဲ့။ ကိုယ်ကိုယ်တိုင်လည်းသူရဲ့ ကောင်းကျိုးအတွက် ထောက်ပံ့ကူညီပေးပါ။

အဖျက်သမားတွေရဲ့ စကားတွေအပေါ် နားမယောင်ပါနဲ့

Source: steemit.com

အထက်ကပြောခဲ့သလိုပါပဲ။ ကိုယ်လုပ်မယ့် အလုပ် ကိုယ် ကြံစည်တဲ့ အကြံအစည်တွေအပေါ် အကြောင်းပြချက် ရေရေရာရာမရှိပါဘဲလက်လွတ်စပယ် ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ လူတွေရဲ့ စကားကိုလုံးဝနားယောင်နေစရာမလိုပါဘူး။ ကိုယ်လုပ်စရာရှိတာကိုသာ ပြတ်ပြတ်သားသားလုပ်ဆောင်ပါ။