Serum ကို ဘယ်လိုအသုံးပြုရမလဲ

Serum ကို အသုံးပြုဖို့ စဉ်းစားပြီးရွေးချယ်ထားတယ်ဆိုရင်တော့ ဆီယမ်အမျိုးအစားတွေ အများကြီးအသုံးပြုနေစရာမလိုပါဘူး။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် Serum အမျိုးအစား တစ်မျိုးတည်းကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုရုံပါ။

Serum အသုံးပြုသင့်တဲ့အချိန်

Source: amazon.com

Serum ကိုလိမ်းဖို့အတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးအချိန်ကတော့ ညအိပ်ယာမဝင်ခင်အချိန်ပါပဲ။ ဒါမှသာ အရေပြားထဲကို သေချာစိမ့်ဝင်သွားမှာဖြစ်ပြီး အရေးပြားထဲမှာ အချိန်ကြာကြာ တည်ရှိနေမှာဖြစ်ပါတယ်။ မနက်ခင်းပိုင်းမှာလည်း Sunscreen နဲ့ အင်တီအောက်ဆီးဒင့်တွေကို လိမ်းပေးဖို့ မမေ့ပါနဲ့။

Serum တွေကို ဘယ်လိုရွေးချယ်မလဲ

Source:https://www.dailyvanity.sg

Serum တွေထဲမှာ ပုလင်းပုံစံနဲ့ လာတဲ့ ဆီယမ်တွေဟာ နေရောင်ခြည်နဲ့ အောက်ဆီဂျင်တွေကြောင့် Sensitive Ingredients ဖြစ်တဲ့ Retinol နဲ့ ဗီတာမင်စီ ပြိုကွဲခြင်းကို ကာကွယ်ပေးပါတယ်။

Serumကို ဘာကြောင့် အသုံးပြုသင့်တာလဲ

Source: elpais.com

ကွီးတို့ အသုံးပြုနေတဲ့ Skin Care တွေက အသားအရေကို ဘာမှမထူးခြားစေဘူးဆိုရင် Serum ပြောင်းသုံးကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ Serum ကို မှန်မှန်ကန်ကန် နဲ့ ပုံမှန်အသုံးပြုပေးမယ်ဆိုရင် စိတ်ကျေနပ်ဖွယ် ရလဒ်ကို ရရှိလာပါလိမ့်မယ်။

Serum ဘယ်လိုသုံးမလဲ

Source: mensxp.com

Serum ကို မျက်နှာသန့်စင်အပြီး တိုနာနဲ့ ထပ်မံသန့်စင်ပေးလိုက်ပါ။ ပြီးရင်တော့ Serum ကို လိမ်းလို့ရပါပြီ။ Serum လိမ်းတဲ့အခါမှာလည်း လည်ပင်းနဲ့ ရင်ဘတ်အပေါ်ပိုင်းနေရာတွေကိုပါ လိမ်းပေးဖို့ မမေ့ပါနဲ့။ ပြီးတော့လည်း Serum ကို အများကြီးလိမ်းပေးစရာမလိုပါဘူး ။ လိုအပ်သလောက် နည်းနည်းပဲ လိမ်းပေးရုံနဲ့ အကျိုးကျေးဇူးရရှိနိုင်မှာဖြစ်ပါတယ်။