Source: Shutterstock

ဘဝမှာညှိနှိုင်းရအခက်ဆုံးကတော့ ကိုယ်နဲ့ စိတ်သဘောထား မတူညီသူပါပဲ။ စိတ်သဘောထားမတူညီတဲ့ ကိုယ်နဲ့ ကီးလုံးဝမကိုက်တဲ့ ကိုယ်နဲ့ လုံးဝမတည့်တဲ့သူတစ်ယောက်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ဆိုတာတကယ်မလွယ်တဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီတိုင်းဘာသိဘာသာနေလို့မရဘဲ ညှိနှိုင်းမှကိုရတော့မယ်ဆိုရင်တော့ ညှိနှိုင်းဖို့ကိုသာစဉ်းစားပါ။

Source: Shutterstock

မရှောင်ပါနဲ့။ မျက်နှာချင်းမဆိုင်လိုစိတ်နဲ့ ညှိနှိုင်းဖို့ကိုရှေ့ရွှေ့နောက်ရွှေ့လုပ်နေခဲ့တာတွေ ရပ်တန်းကရပ်လိုက်ပါ။ လုပ်ရမယ့် ကိစ္စကို မြန်မြန် အချိန်မဆိုင်းဘဲ လုပ်စရာရှိတာချက်ချင်းလုပ်ပစ်လိုက်ပါ။ ဒီအလေ့အထကို ဒီလိုညှိနှိုင်းဆွေးနွေးမှုမျိုးမှ မဟုတ်ပါဘူး။ ဘယ်နေရာမှာမဆိုကျင့်သုံးသင့်ပါတယ်။

Source: Shutterstock

ရသလောက်ညှိနှိုင်းပါ။ ရန်သူဆိုမှတော့ သူ့ဘက်ကိုယ့်ဘက် အနိုင်မခံအရှုံးမပေးဘဲ သူနိုင်ကိုယ်နိုင်ချဲကြတော့မယ်ဆိုတာသိပါတယ်။ ဒါပေမယ့် သူဟာကိုယ့်ရန်သူဆိုတာကသပ်သပ်၊ ညှိနှိုင်းဆွေးနွေးမှုကို ပြီးဆုံးအောင် ပြုလုပ်ရမှာကသပ်သပ်ပါ။ ဒီနှစ်ခုကိုရောမထွေးလိုက်ပါနဲ့။

Source: Shutterstock

သဘောထားမှန်မှန်ဆက်ဆံပါ။ဘယ်လောက် အတွေးအခေါ် အမြင်တွေမတူပါစေ သဘောထားမှန်မှန် ဆက်ဆံဖို့တော့ လိုပါတယ်။ ရန်သူဆိုတာနဲ့ သူ့ကိုအဆင်မပြေစေမယ့် အကြောင်းအရာတွေပဲ တွေးပြီးလိုက်လုပ်နေလို့တော့ မရပါဘူး။ တိုက်ခိုက်ရမယ်ဆိုရင်တောင် သဘောထားမှန်မှန်နဲ့ တိုက်ခိုက်ပါ။

Source: Shutterstock

လူ့လောကကိုက မတူတာတွေ အတူတကွ ဖြစ်လာတာပါ။ ဒီစကားလေးကို အမြဲမှတ်သားထားပါ။ လူ့လောကကြီးဟာ မတူတာတွေ လာစုနေကြတာဖြစ်ပါတယ်။ ကိုယ်နဲ့ မတူတိုင်း ကိုယ့်ရန်သူလို့ သတ်မှတ်ကြကြေးဆို လောကကြီးမှာရှိသမျှလူတိုင်းဟာ ကိုယ့်ရန်သူဖြစ်နေတော့မှာပါ။ သူ့ဘက်ကိုယ့်ဘက် မျှတွေးပေးတတ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

Source: Shutterstock