အရွယ်အပြောင်းအလဲကြောင့် သင့်အသက်နှစ်ဆယ်ကျော်မှာ ခေတ်ရေစီးကြောင်းနဲ့ လိုက်အောင် နောက်ဆုံးပေါ်ဖက်ရှင်တွေကို ဝယ်ဝတ်ပြီး စမ်းသပ်ကြည့်လို့ရပေမယ့် အသက်သုံးဆယ်အရွယ်မှာတော့ ကိုယ်နဲ့ဘယ်အရာတွေဟာ လိုက်ဖက်လဲဆိုတာ အသေအချာသိဖို့လိုလာပါပြီ။

အသက်၂၀မှာ အမျိုးမျိုးပြောင်းလဲခဲ့တဲ့စတိုင်တွေထဲမှာမှ ကိုယ်အတွက်အဆင်ပြေမယ့် လူကြီးဆန်တဲ့ဖက်ရှင်ကို ရွေးချယ်တတ်ဖို့လိုလာပါပြီ။ သင့်ရဲ့အသက်သုံးဆယ်အရွယ်မှာဖြစ်သင့်တာက သင့်ဝတ်ချင်တဲ့ဖက်ရှင်အပေါ်မှာထားရှိတဲ့ စိတ်အားထက်သန်မှုအပြင် ခန္ဓာကိုယ်အချိုးအစားနဲ့လိုက်ဖက်အရာကိုစတင်ပြီး List Down လုပ်သင့်ပြီလို့ထင်ပါတယ်။

Source: thetrendspotter.net

ဒီလိုအရွယ်မှာ အသက်အရွယ်အရ ပြောင်းလဲမှုတစ်ရပ် သင်ဟာ လူငယ်မဟုတ်တော့ပါဘူး။ အိမ်ထောင်သည်အဖြစ် Status ချိန်းကောင်းချိန်းသွားနိုင်သလို လုပ်ငန်းခွင်ထဲမှာလည်း Senior Level လောက်ဖြစ်နေပြီဆိုတော့ ပြောချင်တာက သင့်ဘဝရဲ့အချိန်တိုင်းကို သင်မပိုင်တော့ပါဘူး။

အလုပ်အတွက်သော်လည်းကောင်း၊ မိသားစုအတွက်သော်လည်းကောင်း အချိန်ပေးရတော့မယ်ဆိုတော့ နှစ်ဆယ်ကျော်အရွယ်တုန်းကလို စိတ်ကြိုက် ထွက်သမျှဖက်ရှင်တွေကို လိုက်ပြီးမဝယ်နိုင်တော့သလို ဘယ်ဟာကိုဝတ်မယ်ဆိုတာကို စိတ်တိုင်းကျရွေးချယ်ဖို့တောင် အချိန်ဆိုတာရှားလာပါတယ်။

ဒီလိုအခြေအနေမျိုးတွေမှာဆိုကိုယ် List လုပ်ထားတဲ့အဝတ်အစားတွေကို Online ကပဲဝယ်ယူရတော့မှာဖြစ်လို့ ကိုယ်နဲ့သင့်တော်မယ့် အဝတ်အစားတွေ ကိုယ်နဲ့လိုက်မယ့်အရောင်တွေကိုသိထားသင့်တာပါ။

Source: thetrendspotter.net

လူလတ်အရွယ်လည်းရောက်လာပြီးဆိုတော့ ကြည့်လိုက်တာနဲ့ Smart ကျဖို့လိုလာပါတယ်။ များများစားစား စဉ်းစားစရာမလိုပါဘူး။ Weekend မှာဆို Jeans အဖြူ တီရှပ်ဗြောင် အပြင်နောက်ဆုံးပေါ် Trainers ၊ အလုပ်ခွင်အတွက်ဆို Formal ဖြစ်မယ့်အဝတ်အစား ဘယ်အချိန်ဖြစ်ဖြစ် အစည်းအဝေးပဲသွားသွား Clients နဲ့ပဲတွေ့တွေ့ Ready အနေအထားဖြစ်စေမယ့် Outfit မျိုးပဲလိုအပ်ပါတယ်။

နောက်ပြီး ထပ်ဖြည့်ပြောချင်တာက တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဦးစားပေးရမှာပဲဖြစ်ပါတယ်။ ဆံပင်ပုံမှန် Trim လုပ်တာအပြင် အသားအရေကိုပိုမို ဂရုစိုက်လာသင့်ပါတယ်။

Source: Restart Your Style

  • သင့်အသက် ၃၀ပတ်လည်မှာသိသင့်တဲ့ Golden Rules တွေကိုပြောပြချင်ပါတယ်။
  • ဘယ် Brand ဘယ်အင်္ကျီ အမျိုးအစားကသင့်အတွက်အသင့်တော်ဆုံးဖြစ်မလဲဆိုတာသိထားသင့်ပါတယ်။
  • ကိုယ့် Lifestyle နဲ့ဆက်စပ်မယ့် အဝတ်အစားကိုသိထားသင့်ပါတယ်။
  • သွားသွားလာလာဝတ်ဖို့ Casual Wear ကိုဆောင်ထားသင့်ပါတယ်။
  • ရာသီအလိုက် အဝတ်အစားကိုသတိထားပြီးရွေးချယ်မှုပြုပါ။
  • ကိုယ့်ရွယ်တူတွေထက် Standout ဖြစ်မယ့် ကိုယ်ပိုင်စတိုင်ရှိစေပါ။