အသက်အရွယ်နဲ့မလိုက်အောင် စမတ်ကျတယ်ဆိုတဲ့ ချီးကျူးသံကိုခံရဖို့အတွက်ဆိုရင်တော့ ၄၀ကျော်အရွယ်မှာကတည်းက ကိုယ်ပြင်ဆင်သင့်တာတွေကိုပြင်ဆင်ပြီး ၅၀ဆယ်ကျော်အရွယ်မှာ ကိုယ့်စိတ်ကူးထဲမှာအသက်ကြီးရင် ဒီလိုနေမယ်ဆိုပြီးရွေးချယ်လိုက်တဲ့ Lifestyle နဲ့စတင် Adopt ဖြစ်အောင်ကျင့်ပြီးနေကြည့်ဖို့လိုလာပါပြီ။

Source: gq-magazine

ဘယ်တော့မှ ကိုယ်ပိုင်စတိုင်မရှိပဲ ဟိုဝတ်ဒီဝတ်မဖြစ်စေပါနဲ့တော ဒီ ၅၀ကျော်အရွယ်မှာထိန်းသိမ်းထားတဲ့ ခန္ဓာကိုယ်အချိုးအစား ၊ အနေအထိုင် ဝတ်စားဆင်ယင်မှုဟာ ကြီးတဲ့အထိ အကျင့်ပါသွားမှာမျိုးပါ။ ရှေ့မှီနောက်မှီ အရွယ်တစ်ခုလည်းရောက်လာပြီ ဆိုတော့ ကိုယ်ရဲ့ Senior တွေဘယ်လိုဝတ်ဆင်နေထိုင်သွားလာလဲ ဆိုတဲ့ အတွေ့အကြုံတွေလည်း ရပြီးသားသူတစ်ယောက်ဖြစ်လို့ ကိုယ်အတွက် ဘယ်လိုနေရင်လိုက်မယ်ဆိုတာကို ဆုံးဖြတ်ဖို့ပဲလိုပါတော့တယ်။ ပထမဆုံး Rule အနေနဲ့သိဖို့ကတော့ အဝတ်အစားတွေဟာ Fit ဖြစ်ဖို့ပြီးကြည့်ကောင်းဖို့နဲ့ သက်သောင့်သက်တာရှိဖို့ပါပဲ။

Source: gq-magazine

ဒီအရွယ်မှာသတိထားသင့်တာတစ်ခုက Casual Wear တွေဝတ်တဲ့အခါမှာအရွယ်နဲ့လိုက်အောင်ရွေးချယ်တတ်ဖို့ဟာ ခက်ခဲလာပါတယ်။ အလိုက်ဖက်ဆုံးအဝတ်အစားကတော့ Suit တွေပါပဲ ရေပန်းစားနေတဲ့ Brand တွေကနေလိုက်ပြီးဝယ်ဝတ်နေမယ့် အစား ကိုယ်ချုပ်နေကျ Tailor ဆီမှာပဲ Suit ကိုဒီဇိုင်းအမျိုးမျိုးနဲ့ချုပ်ဝတ်သင့်ပါတယ်။

Source: gq-magazine

ဝိုင်တွေဟာသက်တမ်းကြာမှ ကောင်းပြီးဈေးကြီးလာသလို အသက်ရလာတဲ့အမျှကွာလတီမြင့်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ ကိုယ်ရဲ့Personality ကိုမြှင့်ဖို့လိုပါတယ်။ အဝတ်အစားအပြင် ဖိနပ်ကိုဆက်ပြောရမယ်ဆိုရင်တော့ ၄၀ကျော်လောက်မှာ Trainers ဟာအသုံးဝင်သေးပေမယ့် ၅၀နောက်ပိုင်းရောက်လာတဲ့အခါ Shoes အမျိုးအစားအစုံကိုဝတ်ဆင်လာသင့်ပါတယ်။ ဥပမာပေးရရင် Boots Driving Shoes Deck Shoes Smart Espadrilles အစရှိတဲ့ ဖိနပ်ပုံစံမျိုးစုံခွဲခြားထားမယ်ဆိုပိုကောင်းပါတယ်။

 

အသက်ကြီးရင်သိသင့်တဲ့ Golden Rules တွေကိုဝေမျှပေးချင်ပါတယ်။

  • အရမ်းဖျော့ အရမ်းတောက်တဲ့အရောင်တွေထက် ငြိမ်ပြီး မှောင်တဲ့ဘက်သွားတဲ့ကာလာမျိုးကိုရွေးချယ်ပါ။
  • Suit ဒီဇိုင်းကိုအမြဲ Update လုပ်ပြီးနောက်ဆုံးခေတ်စားတဲ့ ဒီဇိုင်းမျိုးကိုချုပ်ဝတ်ပါ။
  • Fancy ကျတဲ့ Accessories တွေကိုမဖြစ်မနေဝယ်ဝတ်ပါ။
  • စိတ်ထဲမှာယူဆသင့်တာတစ်ခုက ကိုယ်ဟာကိုယ်ပါပဲ အသက်အရွယ်ရသွားပေမယ့် အမြဲ Smart ကျမှုကိုဦးစားပေးတတ်စေဖို့ပါပဲ။