လူအများကြားထဲမှာ ထင်းကနဲပေါ်လွင်နေဖို့ တည်ကြည်ရှင်းသန့်နေဖို့ စတိုင်ကျကျ ဝတ်စားတတ်ဖို့ ဘာတွေ လိုအပ်ပါသလဲ။
အခြေခံကို ပိုင်နိုင်အောင်လုပ်ပါ
Source: www.theidleman.com
ဖက်ရှင်ကျတဲ့ ယောက်ျားလေးဆိုတာ အခြေခံကိုပိုင်နိုင်ပါတယ်။ တီရှပ်တစ်ထည်၊ ဂျင်းဘောင်းဘီ တစ်ထည်၊ ရှူးဖိနပ်တစ်ရံတည်းနဲ့တင် ဖက်ရှင်ကျအောင် ဝတ်စားတတ်ကြသူတွေပါ။ ကိုယ်နဲ့လိုက်ဖက်ပြီး ကြည့်ရရှင်းလင်းသေသပ်တဲ့ တီရှပ်၊ ဂျင်းနဲ့ ရှူးဖိနပ်တွေ ဗီဒိုထဲ ရှိနေဖို့တော့ လိုအပ်ပါတယ်။
အင်္ကျီအထပ်ထပ်ဝတ်ဆင်တာလည်း ဖက်ရှင်ပါပဲ
Source: www.huffingtonpost.com
အောက်ကတီရှပ်ကိုမှ အပေါ်က ဂျင်းဂျက်ကက်ထပ်ဝတ်တာ၊ ကိုယ္က်ပ္အက်ႌေပၚက ရွပ္အက်ႌအကြက္ထပ္ဝတ္တာမ်ိဳးက ဖက္ရွင္က် ဝတ္စားတဲ့ ပံုစံတစ္မ်ိဳးပါပဲ။ ရိုးရိုးအမြဲတမ်းတီရှပ်ကြီးပဲ ဝတ်နေရင်လည်း ကြာတော့ရိုးအီလာပါတယ်။ ဒါ့ကြောင့် အင်္ကျီထပ်ဝတ်တဲ့ ပုံစံလေးတွေလည်း ပြောင်းလဲဝတ်ဆင်ကြည့်ပါ။
ပွင့်ရိုက်အဆင်တွေကို ဝတ်ဆင်ဖို့ လက်မတွန့်ပါနဲ့
Source: www.menfashionhub.com
ခုနောက်ပိုင်းတော့ ကောင်လေးတွေ ပွင့်ရိုက်အဆင်တွေ ဝတ်ဆင်ကြဖို့ သိပ်မရှက်ကြတော့ပါဘူး။ လက်ရှိ အရမ်းခေတ်စားနေတဲ့ ဖက်ရှင်စတိုင်တွေကလည်း အဲဒီပွင့်ရိုက်အဆင် ဖက်ရှင်တွေပဲဖြစ်ပါတယ်။ ဒီတော့ စတိုင်ကျတဲ့ ဖက်ရှင်ကျတဲ့သူဖြစ်ချင်တယ်ဆိုရင်တော့ ပွင့်ရိုက်အဆင်တွေ ဝတ်ဆင်ဖို့ လက်မတွန့်ပါနဲ့။
ဘောင်းဘီထဲကို ရှပ်အင်္ကျီထဲ ထည့်ပြီးဝတ်ဆင်ပါ
Source: www.fashionbeans.com
ဒါက လုံးဝခန့်ငြားတည်ကြည်စေတဲ့ ဖက်ရှင်စတိုင်ပါ။ ရှပ်အင်္ကျီကို ဘောင်းဘီအတွင်းထဲ ထည့်ဝတ်တဲ့ပုံစံက အရမ်းကြည့်ရမိပါတယ်။ ခါးပတ်လေးဝတ်ဆင်ဖို့တော့ မမေ့ပါနဲ့။ အားကိုးချင်စရာကောင်းပြီး အရမ်းယောကျာ်းပီသတဲ့ ဟန်ပန်ကို အဲဒီဖက်ရှင်က ပေးစွမ်းပါတယ်။
ရှပ်အင်္ကျီလက်ကို ခေါက်ဝတ်ပါ
Source: www.quiikymagazine.com
အရမ်းကိုမိပြီး ကြည့်ကောင်းတဲ့စတိုင်ပါ။ သိပ်ကိုအလုပ်များနေပါတယ်ဆိုတဲ့ ဖက်ရှင်စတိုင်ဖြစ်ပြီး ကောင်မလေးတွေ အရမ်းကြိုက်တဲ့ ပုံစံမျိုးလည်းဖြစ်ပါတယ်။ ကိုယ်ကရှပ်အင်္ကျီနဲ့ အရမ်းကိုလိုက်ဖက်နေပြီး ကြည့်ရကောင်းနေတယ်လို့ ခံစားနေတယ်ဆိုရင် တချက်တချက် လက်ကလေးခေါက်တင်ဖို့ မမေ့လိုက်နဲ့နော်။