ပွဲလမ်းသဘင်များလာတဲ့ ကာလဆိုတော့ သူများနည်းတူ အထာကျကျ Rave နိုင်ဖို့လည်းလိုတာပေါ့။ အဲ့လို EDM ပွဲတွေသွားရင် ဖက်ရှင်ကျ ဖို့လိုသလို စိတ်ချလက်ချ ကခုန်နိုင်အောင် ဝတ်ဆင်သွားမယ့် အဝတ်အစားတွေကလည်း သက်တောင့်သက်သာ ရှိဖို့လိုပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ လန်းနိုင်ဖို့ဆိုရင်တော့ ဖက်ရှင်မျက်စိရှိမှအဆင်ပြေမှာပါ။

Source: Shutterstock

အရင်တုန်းကသွားခဲ့ဖူးတဲ့ မှာလည်းတစ်ခြားသူတွေ ဝတ်နေကြပုံစံတွေကိုတွေ့ဖူးကြမှာပါ။ သူများတွေဝတ်စားပုံတွေနဲ့လည်း ကွဲထွက်အောင်ဝတ်တတ်ဖို့လဲလိုပါတယ်။ ဒီ့အတွက် Raver ကွီးတွေအတွက် Festival တွေမှာ ဘယ်လိုဝတ်သင့်တယ် ဆိုတဲ့ ဖက်ရှင် Tips လေးပေးချင်ပါတယ်။

Source: fashionbeans.com

Graphic Tee & Jeans

ဒီလိုပွဲတွေဆို ဝတ်လေ့ဝတ်ထရှိတာကတော့ Tank Top ဗြောင်တွေပဲများပါတယ်။ ဒါဆိုရင်တော့ သူများနဲ့ ကွဲအောင် Graphic ဒီဇိုင်းပါတဲ့ Tee တွေကို Jeans အဖျော့အပြင် Classic Converse နဲ့တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ Sunglasses ကတော့မပါမဖြစ်ပေါ့။

Source: fashionbeans.com

Double Denim

နောက်တစ်မျိုးက အပေါ်ကောအောက်ကော Denim Jeans ကိုအထဲမှာတော့ Stripe Tee အစင်းတွေပါတဲ့ T-shirt ကို အထဲကခံပြီး ဝတ်တာမျိုးပါ။ Jeans ဟာဘယ်တော့မှ မရိုးသွားတဲ့ ဖက်ရှင်ထဲမှာပါ ပါတယ်။

Source: fashionbeans.com

Sleeveless Tee & Shorts

ပေါ့ပေါ့ပါးပါး စတိုင်ကျချင်ရင်တော့ အင်္ကျီလက်ပြတ်ကို ဘောင်းဘီတိုနဲ့ အပြင်ခြေစွတ်အဖြူ အရှည်ကို တွဲဝတ်ဆင်သင့်ပါတယ်။ နောက်ပြီး ဦးထုပ်နဲ့ Sneaker လည်းလိုပါသေးတယ်။ ဒီဖက်ရှင်က သင့်ကို ပိုငယ်သွားသလို ထင်ရမှာလည်းဖြစ်ပါတယ်။

Source: fashionbeans.com

Basic White Tee & Jeans

နောက်ဆုံးတစ်ခု အနေနဲ့ အရိုးရှင်းဆုံးပုံစံဖြစ်တဲ့ Tank Tops မဟုတ်တဲ့ T-shirt အဖြူဗြောင်ကို Jeans မိုးပြာရောင်အပြင် High Topped Sneaker ကိုဝတ်ဆင်သင့်ပါတယ်။ ဘာညာထည့်ဖို့လွယ်အိတ် Backpack ကိုယူသွားတော့ပိုကောင်းတာပေါ့။