လူတိုင်းက လွတ်လပ်ပျော်ရွှင်မှုဆိုတဲ့ အရာကို မက်မောတပ်မက်ကြပါတယ်။ လူ့ဘဝမှာ နေ့စဉ်ဖြတ်သန်းနေရတဲ့ အချိန်ကာလတွေအတွင်းမှာ သူတို့တကယ်အလိုရှိတဲ့ အရာဟာ လွတ်လပ်ပျော်ရွှင်မှုပါပဲ။

ဘာ့ကြောင့် လွတ်လပ်ပျော်ရွှင်မှုတွေကို လိုချင်ကြတာလဲ

Source: Positivepsychology.org.uk

စိတ်လွတ်လပ်ပျော်ရွှင်မှုကို လိုချင်တယ်ဆိုတာ တကယ်တော့ အံ့သြစရာမဟုတ်ပါဘူး။ လူတွေဟာ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုတွေကို အကြောင်းအမျိုးမျိုးကြောင့် ခံစားနေရသူတွေပါ။ ဒါ့ကြောင့်မို့ သူတို့ဟာ စိတ်ဖိစီးရတဲ့ စိတ်အနှောင့်အယှက်တွေအစား ပျော်ရွှင်မှုကိုသာ လိုလားတောင့်တကြတာပါ။

လုပ်ငန်းခွင်မှာ စိတ်အနှောင့်အယှက်မပေးပါနဲ့

Source: Businessinsider.in

စိတ်ဖိစီးမှုတွေက နေ့တိုင်းလိုလို ရှိနေတယ်ဆိုပေမယ့် စိတ်ခံစားချက်ကြောင့် လုပ်ငန်းခွင်မှာ အနှောင့်အယှက်ဖြစ်တာမျိုးတော့ လုံးဝမဖြစ်သင့်ပါဘူး။ လူတိုင်းမှာ စိတ်ညစ်စရာတွေ ကိုယ်စီရှိနေကြတာဖြစ်တာကြောင့် ကိုယ့်ကြောင့် လုပ်ငန်းခွင်က အလုပ်တွေ ထိခိုက်စေမယ်ဆိုရင် သင်ဟာ ဆိုးဝါးတဲ့သူဖြစ်သွားပါလိမ့်မယ်။

ဒေါသနဲ့လူ

Source: Bubblespan.com

ဒေါသတွေ လွှမ်းခြုံနေတဲ့ လူတစ်ယောက်ကြောင့် ပတ်ဝန်းကျင်ဟာ အကျည်းတန်ရပါတယ်။ သူ့ရဲ့ ဒေါသတွေဟာ ပတ်ဝန်းကျင်က လူတွေဆီကိုပါ ကူးစက်ပြီး အနားက လူတွေရဲ့ စိတ်နှလုံးကိုလည်း ညစ်နွမ်းသွားစေပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ဒေါသကြောင့် ပတ်ဝန်းကျင်ကို မညစ်နွမ်းစေပါနဲ့။

ကူးစက်တတ်တဲ့ ပျော်ရွှင်မှုတွေ

Source: Thefairgo.com

ဒေါသမှ ကူးစက်တတ်တာမဟုတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာကလည်း ကူးစက်တတ်တဲ့အရာပဲဖြစ်ပါတယ်။ ပျော်ရွှင်နေတဲ့ လူတစ်ယောက်ရဲ့ စိတ်နှလုံးပျော်ရွှင်ကြည်လင်မှုက ပတ်ဝန်းကျင်ကို လှပလန်းဆန်းသွားစေပါတယ်။ ဒီတော့ ဒေါသထက် ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကိုသာ လူတွေကို ကူးစက်သွားပါစေ။

စိတ်ဖိစီးမှုတွေကို ဆရာဝန်နဲ့ တိုင်ပင်သင့်က တိုင်ပင်ပါ။

Source: Positivepsychologyprogram.com

ဒီနိုင်ငံမှာ စိတ်ဖိစီးမှုတွေ နဲ့ အဆင်မပြေမှုတွေများလာတဲ့အခါ ဆရာဝန်ဆီ သွားရောက် တိုင်ပင်ဖို့ ဝန်လေးနေတတ်ကြပါတယ်။ အဲဒီထက်ဆိုးဝါးတာက ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်ထားအောင် ထားဖို့လည်း မေ့နေတတ်ပါတယ်။ စိတ်ကို ပျော်ရွှင်စေမယ့်နည်းလမ်းတွေဆိုတာ ကိုယ့်ကိုယ်ကိုယ် လက်ဆောင်ပေးသင့်တဲ့ အရာတွေပါပဲ။ ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။ ကိုယ်ချစ်ခင်ရသူတွေကိုလည်း ဝေမျှပေးပြီး ပျော်ရွှင်မှုကို တည်ဆောက်ရမှာပါ။