ဘယ်လို Serum အမျိုးအစားကို ရွေးချယ်ဝယ်ယူရမလဲ။
အသားအရေအမျိုးအစား နဲ့ အရေပြားပြဿနာတွေပေါ် မူတည်ပြီး ဆီရမ်အမျိုးအစား အများကြီးထဲကမှ ကိုယ်နဲ့ သင့်တော်လိုက်ဖက်မယ့် အမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
အမည်းစက်မျက်နှာအတွက်
Source: aptoskincare.com
အမည်းစက်တွေရှိတဲ့ မျက်နှာအတွက်ကတော့ Melanin ထုတ်လုပ်မှုကို လျှော့ချပေးပြီး Melanin ကို ပြိုကွဲစေတဲ့ Hydroquinone ပါဝင်တဲ့ Serum ကို ရွေးချယ်ဝယ်ယူပါ။
Sensitive အသားအရေပိုင်ရှင်တွေအတွက်
Source: labarberiainstitute.com
ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေကတော့ Serum ကို ရွေးချယ်ဝယ်ယူတဲ့အခါမှာ Arbutin ၊ Kojc ၊ Azelaic Acid ၊ Licorice နဲ့ ဗီတာမင်စီ ပါဝင်တဲ့ Serum အမျိုးအစားတွေကို ဝယ်ယူသင့်ပါတယ်။
အရေးကြောင်းတွေရှိနေရင်
Source: vineveracosmetics.com
အသားအရေက တွဲကျပြီး တင်းရင်းမှုမရှိဘဲ အရေးကြောင်းတွေ ရှိနေတယ်ဆိုရင်တော့ Retinol ၊ Tetrapeptides ၊ Pentapeptides နဲ့ Argireline ပါဝင်တဲ့ Serum ကို အသုံးပြုပါ။ ဒီပါဝင်ပစ္စည်းတွေက အရေပြားကို တင်းရင်းစေပြီး အရေးကြောင်းတွေကို ပြေလျော့သွားစေပါတယ်။
ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက်
Source: vozpopuli.com
ခြောက်သွေ့သော အသားအရေပိုင်ရှင်တွေကတော့ Hyaluronic Acid ပါဝင်တဲ့ Serum ကို အသုံးပြုရမှာပါ။ ဒီ Serum က အသားအရေကို ရေဓာတ်ပြည့်ဝအောင် ဖြည့်တင်းပေးပါတယ်။ Moisturizer အသုံးပြုဦးမယ်ဆိုရင်တော့ Serum လိမ်းပြီး ၅ မိနစ်လောက် စောင့်ပြီးမှ လိမ်းပါ။ အရေပြားထဲကို Serum စိမ့်ဝင်ဖို့အတွက် အချိန်လိုအပ်နေလို့ပဲဖြစ်ပါတယ်။