ယောကျာ်းလေးအများစုအတွက် ဘောင်းဘီဟာ အလွန်စမတ်ကျတဲ့ ဝတ်စားဆင်ယင်မှုပါ။ ဒီလိုစမတ်ကျကျ ဝတ်ဆင်ထားပေမယ့်လည်း ဇစ် ခဏခဏ ကျနေပြီဆိုရင်တော့ ဂွကျတော့တာပါပဲ။ ကိုယ်က သိနေရင်တော်ပါသေးတယ်။ သိမနေခဲ့ဘူးဆိုရင် လူကြားထဲ အရှက်ကွဲတော့မှာပါ။ ဒါ့ကြောင့် လူတွေက များသောအားဖြင့် ဇစ်ခဏခဏ ကျတတ်တဲ့ ဘောင်းဘီတွေဆို မဝတ်ဘဲ ချောင်ထိုးလိုက်ကြတာများပါတယ်။

နှမြောစရာပါ

Source: www.instructables.com

ကိုယ်ကြိုက်လွန်းလို့ ဝယ်ထားပြီးကာမှ လူကြားထဲ အရှက်ခွဲပြီး မကြာခဏ ဇစ်ပြုတ်လို့ဆိုပြီး ချောင်ထိုးထားရမှာ နှမြောစရာပါ။ ချောင်မထိုးလို့ကော ဒီလို နေရာတိုင်းမှာ အရှက်ကွဲနေရတဲ့ ဒီဘောင်းဘီတွေကို ဘယ်နေရာသွားဝတ်မလဲလို့ မေးလာရင်တော့ ဖြေရှင်းလို့ရမယ့် နည်းလမ်းကို ပြောပြပေးပါမယ်။

ဘယ်လိုဖြေရှင်းကြမလဲ

Source: www.lifehacks.stackexchange.com

ဖြေရှင်းဖို့နည်းလမ်းကလေးကတော့ လွယ်ကူရိုးရှင်းပါတယ်။ လွယ်ကူရိုးရှင်းပေမယ့်လည်း စမတ်ကျကျ ရှိုးထုတ်လို့ရပါသေးတယ်။ အရင်ဆုံး အိတ်ရဲ့ ဇစ်တွေမှာ ပါတဲ့ စတီးကွင်းအဝိုင်းလေးတစ်ခုရှာပါ။ ပြီးရင် မကြာခဏ ကျကျနေတဲ့ ဘောင်းဘီဇစ်ကို ချိတ်လိုက်ပါ။ ဒါဆို ဝတ်ခါနီးမှာ ဘောင်းဘီဇစ်အထက်နားက ကြယ်သီးနဲ့ ဘောင်းဘီဇစ်ကိုချိတ်ထားတဲ့ စတီးကွင်းလေးကို စွပ်လိုက်ရုံပါပဲ။

အလျင်လိုသူများအတွက်

Source: www.icanstyleu.com

စတီးကွင်းလည်းရှာမတွေ့ဘူး၊ အရမ်းလည်း အလျင်လိုနေတယ်၊ ဒါမှမဟုတ် ဘောင်းဘီဇစ်ကျနေတာကို သွားရင်းလာရင်းနဲ့မှ သိရတယ်ဆိုရင်တော့ တွယ်ချိတ်တို့၊ သားရေကွင်းတို့နဲ့ ဖြေရှင်းလို့ရပါတယ်။ ဇစ်ကျနေတာကို သိပြီဆိုတာနဲ့ တွယ်ချိတ်တစ်ချောင်း ဒါမှမဟုတ် သားရေကွင်းရှာလိုက်ပါ။ ပြီးရင် ဇစ်နဲ့ချိတ်ဆက်လိုက်ပြီး ကြယ်သီးနားမှာ ချိတ်လိုက်ရင် လုံးဝအဆင်ပြေသွားပါလိမ့်မယ်။