လူတိုင်းမှာ သူတို့ဘဝရဲ့ ရည်မှန်းချက် ပန်းတိုင်တွေဆိုတာ ရှိကြပါတယ်။ ဒါပေမယ့် အဲဒီ ရည်မှန်းချက်ပန်းတိုင်တွေဆီေ၇ာက်အောင် ရည်မှန်းချက်တွေ ပြည့်ဝအောင် ဘယ်လိုနေကြရမလဲ၊ ဘယ်လိုလုပ်ကြရမလဲဆိုတာကိုတော့ ဝေဝါးနေတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ရည်မှန်းချက်တွေဆီ ရောက်အောင် ဘယ်လိုသွားလို့ရသလဲဆိုတဲ့ အချက်ကလေးတွေကို ပြောပြပေးချင်ပါတယ်။

Source: Career Intelligence

ရည်မှန်းချက် ပန်းတိုင်တွေကို ချရေးပါ

Source: goalsontrack.com

ရည်မှန်းချက် ပန်းတိုင်တွေကို စာရွက်ပေါ်မှာ ချရေးပြီး နေ့စဉ်မြင်တွေ့နိုင်တဲ့ တစ်နေရာရာမှာ ချိတ်ထားပါ။ ပြီးရင်လည်း ကိုယ့်ရည်မှန်းချက် ပန်းတိုင်တွေကို နေ့စဉ်ဖတ်နေဖို့လည်း လိုအပ်ပါတယ်။ ထပ်တလဲလဲ ခေါင်းထဲ ရိုက်သွင်းနေဖို့လည်း မမေ့ပါနဲ့။

ပန်းတိုင်သေးသေးမွှားမွှားလေးကစ မှတ်ထားပါ

Source:Attitudes 4 Innovation

သင့်ပန်းတိုင်တွေက အများကြီးဖြစ်နေပါလိမ့်မယ်။ ဥပမာ – လှေကားအောက်က အမှိုက်တွေရှင်းဖို့ ဒါမှမဟုတ် လက်ကိုင်ဖုန်းတစ်လုံး ဝယ်ဖို့စတာတွေလည်း  ပါဝင်ပါတယ်။  ဖြစ်နိုင်ရင် ဘယ်အချိန်ပြီးမြောက်အောင် လုပ်မယ်ဆိုတာကိုပါ ရေးထားသင့်ပါတယ်။ ဥပမာ သုံးရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ဖို့ ဒါမှမဟုတ် အသက် ၅၀ မပြည့်ခင် ကားတစ်စီးဝယ်ဖို့ စသဖြင့်လည်း ပါဝင်ပါတယ်။

ပန်းတိုင်ဆီ မရောက်ရောက်အောင်သွားပါ

Source: Promotion concept

နောက်တစ်ခုကတော့ ပန်းတိုင်ဆီကို ရောက်အောင်သွားမယ့်ခြေလှမ်းတွေကို လှေကားတစ်ထစ်တက်ဖို့ ခွင့်ပေးဖို့ပါပဲ။ အသက် ၅၀ မပြည့်မီ ကိုယ်ပိုင်ကားဝယ်ဖို့ဆိုတဲ့ ပန်းတိုင်ရောက်အောင် ဘယ်နှနှစ် ၊ ဘယ်နှစ်လလိုသေးတယ် ၊ ငွေဘယ်လောက်လိုသေးတယ်၊ တစ်လကို ငွေဘယ်လောက်စုဖို့ လိုအပ်သလဲဆိုတာတွေကို အသေးစိတ်ရေးသားထားပါ။ ဝယ်မယ့်ကားရဲ့ ရုပ်ပုံကိုလည်း ချိတ်ထားလိုက်ပါ။ ငွေဘယ်လောက် ရသွားပြီဆိုတာကိုလည်း လစဉ် အသိအမှတ်ပြုပါ။ ပန်းတိုင်နဲ့ နီးကပ်လာပြီဆိုတာကိုလည်း သိအောင် လုပ်ပါ။

Source: Colter Reed

ရေတိုရည်မှန်းချက်တွေ ဆောင်ရွက်ပြီးရင် ကိုယ့်ကိုယ်ကိုယ် ဆုချီးမြှင့်ဖို့ ရေးချထားလိုက်ပါ။ ဒီလိုပန်းတိုင်မျိုး ချမှတ်ထားရင် စေ့ဆော်မှုအားကောင်းပြီး အလုပ်မြန်မြန်ပြီးလွယ်တာကို တွေ့ရပါလိမ့်မယ်။