အဆီကျဖို့အတွက် ဘာတွေလုပ်ရမလဲ။ ဒီအဆီတွေကိုလည်း ဖြစ်နိုင်ရင် လှီးထုတ်ပစ်ချင်လာပြီဆိုရင်တော့ အဆီကျစေမယ့် နည်းလမ်းကောင်းအချို့ကို မျှဝေပေးပါ့မယ်။ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေမို့ သေချာတော့ ဂရုတစိုက် လိုက်လုပ်စေချင်ပါတယ်။
အစားအစာတွေကို အစားထိုးစားပါ
Source: oceanica.com.mx/blog
လျှာက အာသီသရှိနေသရွေ့တော့ စိတ်အလိုလိုက်ပြီး လျှောက်စားမနေပါနဲ့။ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေချိန်မျိုးမှာ အဆင်အခြင်မဲ့ စားသောက်နေတာမျိုးတွေ ရှောင်ရပါတော့မယ်။ အစာစားတဲ့နေရာမှာ ကယ်လိုရီနည်းတဲ့ အစားအစာမျိုးတွေကို စားဖို့ပဲ သတိထားဂရုစိုက်ပါ။
စမတ်ကျစွာ စားပါ
Source: discoverpubs.com
ဆိုလိုချင်တာက ပဲများပြီး စားခိုင်းတာပါ။ ကယ်လိုရီတွေများတဲ့ အစားအစာတွေကို စားချင်စိတ်ဖြစ်လာပြီဆိုရင်လည်း စိတ်လွတ်ကိုယ်လွတ် အားရပါးရ စားပစ်လိုက်မယ့်အစား အရသာမြည်းစမ်းကြည့်သလို စားတာမျိုး၊ ဇွန်းအသေးစားလေးနဲ့ စားတာမျိုးလုပ်ပါ။
မနက်စာစားပါ
Source: sarum.ac.uk
မနက်စာဟာ ပိန်သွယ်စေမယ့် နည်းလမ်းကောင်းတွေထဲက တစ်ခုပါပဲ။ အာဟာရပြည့်ဝတဲ့ မနက်စာကို စားသုံးဖြင့်အားဖြင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စွာအထောက်အပံ့ပြုပါတယ်။ ဒါ့ကြောင့် ကယ်လိုရီတွေကို ချေဖျက်နိုင်စွမ်းအား ပိုမိုကောင်းမွန်ပါတယ်။
လေ့ကျင့်ခန်း
Source: healthsupplementtips.com
လေ့ကျင့်ခန်းလုပ်ဖို့ကို လုံးဝမပျင်းပါနဲ့။ နေ့စဉ်အချိန်တစ်ခု သတ်မှတ်ထားပြီး အဲဒီအချိန်ရောက်လာပြီဆိုရင်လည်း မဖြစ်မနေ လုပ်ပေးရပါမယ်။ အကျိုးသက်ရောက်မှုနည်းလို့ စိတ်မပျက်ပါနဲ့။ နေ့စဉ်လေ့ကျင့်ခန်းအဆက်မပြတ် လုပ်လာတာနဲ့အမျှ အကျိုးသက်ရောက်မှုရှိလာမှာပါ။ ဇွဲမရှိရင်တော့ အဆီတွေကျနိုင်တော့မှာ မဟုတ်ပါဘူး။