ခန္ဓာကိုယ်ဟာ ဗက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားဖို့ လွယ်ကူတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့် ခန္ဓာကိုယ်ထဲကို ဗက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်ခိုလှုံမနေစေဖို့ ကိုယ့်ဘက်က အစွမ်းကုန် တိုက်ထုတ်ရမှာဖြစ်ပါတယ်။ ဒီလို တိုက်ထုတ်ဖို့အတွက် ဘယ်လိုအရာတွေ လိုအပ်ပါသလဲ။

ချိုင်းကြားလိုနေရာမျိုးတွေ

Source: lifestyle.sapo.mz

အရေပြား  အရေပြားချင်း ထိတွေ့တဲ့နေရာတွေဖြစ်တဲ့ ချိုင်းကြားနဲ့ ပေါင်ကြားနေရာတွေကို သန့်စင်နေစေဖို့နဲ့ ခြောက်သွေ့နေစေဖို့ သတိပြုပါ။ အဲဒီနေရာတွေက စိုစွတ်နေမယ်ဆိုရင် ဗက်တီးရီးယားတွေ အလွယ်တကူ ဝင်ရောက်ပေါက်ဖွားနိုင်ပါတယ်။

ဘာလုပ်ရမလဲ။

Source: lifestyle.sapo.mz

အဲဒီနေရာတွေအတွက် အနံ့မပါတဲ့ ကလေးသုံးပေါင်ဒါ (Unscented Baby Powder)ကို သုံးပေးပါ။ အဲဒီနေရာတွေက ချွေးတွေကြောင့်ပဲဖြစ်ဖြစ် ၊ ရေတွေကြောင့်ပဲဖြစ်ဖြစ် စိုစွတ်နေမယ်ဆိုရင် ဗက်တီးရီးယားတွေ ပေါက်ဖွားနိုင်ပြီး မှိုရောဂါတွေ ၊ အရေပြားယားနာရောဂါတွေနဲ့ အနံ့အသက် ဆိုးဆိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။

အဖုအပိန့်တွေ မထွက်အောင်

Source: lifestyle.sapo.mz

နေနဲ့တိုက်ရိုက် ထိတွေ့ရမယ့်နေရာတွေကို သွားရမယ်ဆိုရင် အနံ့ပြင်းတဲ့  ရေမွှေးတွေ သုံးစွဲခြင်းကို ရှောင်ရပါမယ်။ အမွှေးရနံ့ကို ဖြစ်ပေါ်စေတဲ့ ဓာတ်ပစ္စည်းတွေဟာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါ ဓာတ်ပြုနိုင်ပြီး အသားအရေကို အဖုအပိန့်တွေ ထစေလို့ပါ။