ယောကျာ်းအများစုအတွက် စိတ်အနှောင့်အယှက်အဖြစ်ရဆုံးအရာကို ပြောပါဆိုရင် မျက်နှာပေါ်က အဆီခဲတွေလို့ တော်တော်များများက ဖြေကြမှာပါ။ အလှပြင်စရာမလိုဘဲ ရှင်းသန့်နေတဲ့မျက်နှာကို ပိုင်ဆိုင်တာနဲ့ အရာအားလုံးအဆင်ပြေနိုင်တဲ့ အမျိုးသားတွေအတွက် မျက်နှာပေါ်က အဆီခဲတွေဟာ စိတ်ပျက်စရာပါပဲ။

Source: Shutterstock

ချွေးပေါက်ထဲက အဆီခဲနဲ့ အပြင်က ဖုန်မှုန့်တွေပေါင်းစပ်ပြီး ဝက်ခြံခေါင်းမည်းတွေ (black head) တွေ ဖြစ်လာတတ်ပါတယ်။ အမျိုးသားတွေအဖို့ မျက်နှာလိမ်းခရင်မ်ဆိုတာ နေ့စဉ်အလှကုန်တစ်ခုတည်းမှာပါဝင်နေတဲ့အတွက် များသောအားဖြင့်တော့ နေ့စဉ် မျက်နှာလိမ်းခရင်မ်လိမ်းတတ်ကြပါတယ်။

Source: Shutterstock

ဒါ့ကြောင့် တစ်နေကုန်လိမ်းထားတဲ့ မျက်နှာလိမ်းခရင်မ်တွေ နဲ့ မျက်နှာပြင်ပေါ်ရောက်လာတဲ့  ဖုန်မှုန့်တို့တွေဟာ  မျက်နှာသစ်ရုံတစ်ခုတည်းနဲ့ ပြောင်စင်ဖို့ ခဲယဉ်းပါတယ်။ အသားအရေရဲ့ အပေါ်ယံက အဆီလောက်ကိုသာ မျက်နှာသစ်ခြင်း က ဖယ်ရှားပေးနိုင်တာပါ။

Source: Shutterstock

ချွေးပေါက်ထဲက အဆီအညစ်အကြေးတွေပျော်ဝင်ပြီး သန့်စင်စေဖို့ကတော့ ညမအိပ်ခင် ဂျီးချွတ်အဆီ (cleaning oil) နဲ့ ဂျီးချွတ်သန့်စင်ပေးမှသာ ထိရောက်စွာ ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။  ပြီးမှ အပေါ်ယံရောက်လာတဲ့ အညစ်အကြေးတွေကို Facial Foam နဲ့သစ်ပေးပါ။

Source: Shutterstock

ဝက်ခြံမည်းလေးတွေ ကို ခဏခဏ ညှစ်ထုတ်နေရင် ချွေးပေါက်ကို ပိုကျယ်စေပြီး ပိုဆိုးလာတတ်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံတွေရဲ့ သန့်စင်ရာ အရင်းအမြစ် ဖြစ်တဲ့ Cleaning Gel ဒါမှမဟုတ် Cleaning Oil တစ်ခုခုသုံးပြီး ဖယ်ရှားကာ မျက်နှာသစ်ခြင်းကသာ အလိုအပ်ဆုံးပါပဲ။

Source: Shutterstock

နောက်ဆုံးအဆင့်ကတော့ toner လိမ်းပေးပါ။  ချွေးပေါက်လေးတွေထဲကနေ ရေဓာတ်ဖြည့်တင်းရာရောက်လို့ အဆီပိုထွက်ခြင်းကလည်း ကာကွယ်နိုင်ပါတယ်။တခါတလေ peeling mask လေးတွေလိမ်းပြီး ခြောက်သွားတဲ့အခါ ခွာပေးပြီး ပေါင်းတင်ပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ဝက်ခြံတွေ ၊ အဆီခဲတွေကို တိုက်ထုတ်နိုင်ပါပြီ။