Facial Hair ဒါမှမဟုတ် Beards ထားမယ်ဆိုရင် ပထမဦးဆုံးသိသင့်တာကတော့ မျက်နှာကျပုံ အနေအထားနဲ့လိုက်ပြီး ထားတတ်ဖို့ပါပဲ။ သင့်မျက်နှာအနေအထားက ဝိုင်းလား ဘဲဥပုံလား အသဲပုံဆန်လာ ဒါမှမဟုတ် V-Shaped လားဆိုတာကိုတော့ ကောင်းကောင်းသိထားဖို့လိုပါတယ်။
အနောက်တိုင်းသားလို ဘိုဆန်တဲ့မျက်နှာ မှအစ ကျွန်တော်တို့လို အာရှအမျိုးသားတွေထားနိုင်တဲ့ Beards Styles မျိုးစုံရှိတဲ့ အထဲမှာမှ ကိုယ့်မျက်နှာနဲ့လိုက်တဲ့ Facial Hair ပုံစံကို ရှာတွေ့ပြီးဆိုရင်လည်း သေချာဂရုစိုက်ပေးဖို့လိုပါတယ်။ မှုတ်ဆိပ်မွှေး နှုတ်ခမ်းမွှေးတွေကို ဘယ်လိုရိတ်သင့်သလဲဆိုတဲ့ Shaving Style ကိုပြောပြပေးမယ့်အပြင် အဓိကကျတဲ့ သတိထားသင်တဲ့ အချက်တွေကိုလည်း ဖော်ပြပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။
Source: MensXP.com
ဒီ Tips တွေဟာ Beards မုတ်ဆိတ်မွေး ကို စနစ်တကျ ထိန်းထိန်းသိမ်းသိမ်း အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
ပထမအချက်အနေနဲ့ Facial မျက်နှာတစ်ဝှက် သန့်ရှင်းမှုကို အမြဲဦးစားပေးသင့်ပါတယ်။ Beard စထွက်တဲ့ အခါချောချောမွေ့မွေ့ထွက်နိုင်အောင် Cell အသေတွေရှင်းပေးပြီး အဆိပ်အတောက် ACNE တွေမရှိအောင် ဂရုပြုပေးပါ။
မျက်နှာသစ်ရင်လည်း ရေနွေးကို အသုံးပြုပါ သို့မှသာ Facial Hair ထွက်လာဖို့ကို အထောက်အကူပြုမှာပါ။
Beard သန်အောင် Oil ကိုသုံးပါနောက်ပြီး Supplements အနေနဲ့ Vitamin C ၊ Vitamin A နဲ့ Biotins တွေကို Facial Hair အတွက် Apply လုပ်ပါ။
Source: The Idle Man
Moisturizing Creams တွေဟာ မျက်နှာအတွက်ကောင်းသလို Facial Hair ကိုလည်း အထောက်အကူဖြစ်စေလို့ သုံးသင့်ပါတယ်။ အိပ်ရေးဝအောင် အိပ်ဖို့ကလည်း အရေးကြီးပါတဲ့အပြင် Workout လုပ်ပါ Testosterone က Beard ထွက်အောင် boost လုပ်ပေးတဲ့ သဘောပါပဲ။
Source: The Idle Man
နောက်ဆုံးအချက်ကတော့ ရှည်လာရင် Shaving ရိတ်တာမျိုး ၃ပတ်တစ်ခါလောက် Trim လုပ်ပေးတာတို့ ကပ်ကြေးနဲ့ ညှပ်ပြီးတိပေးတာမျိုးလောက်ပဲ လုပ်ပေးပါ။ ဒီလိုအချက်တွေ လုပ်ပေးခြင်းဖြင့်သင်လို ချင်တဲ့ Facial Hair Styles ရအောင်ထားနိုင်မှာ ဖြစ်ပါတယ်။