လူတိုင်း လူတိုင်းမှာ ကိုယ်ကိုယ်တိုင် မကြိုက်မနှစ်သက်ပေမယ့် ပြုလုပ်ဖြစ်နေတဲ့ အကျင့်ဆိုးတွေ ကိုယ်စီ ရှိတတ်ကြပါတယ်။ တခါတရံ ကိုယ်ကိုယ်တိုင် မသိလိုက်ပဲ ပြုလုပ်မိတာမျိုး ရှိသလို တခါတရံမှာလည်း သိသိရက်နဲ့ ဖျောက်ဖျက်မရပဲ ဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်။

Source: Shutterstock

ကိုယ့်ရဲ့ အကျင့်ဆိုးတွေကို ဖျောက်ဖျက်ပစ်ဖို့ လိုလားသူတွေ နဲ့ ဖျောက်ဖျက် ပစ်ချင်သူတွေ အတွက် အကျင့်ဆိုးတွေကို ဖျောက်ဖျက်ပစ်လို့ ရနိုင်မယ့် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။

တချို့ အကျင့်ဆိုးတွေက ပျင်းရိမှုတွေ နဲ့ စိတ်ဖိစီးမှုတွေကနေ လာတတ်ကြပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် လက်သည်းကိုက်တာမျိုးပေါ့။ လက်သည်းကိုက်တတ်တဲ့ အကျင့်ဆိုးဟာ ပျင်းရိနေချိန်မှာ ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေချိန်တွေနဲ့ စိတ်ဖိစီးနေချိန်တွေမှာ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုအနေနဲ့ မသိလိုက်ပဲ ပြုလုပ်မိသွားတာဖြစ်ပါတယ်။

Source: Shutterstock

တစ်ချို့ အကျင့်လေးတွေကျတော့ သိပ်ပြီး အရမ်းဆိုးဝါးနေတာမျိုးတွေ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ လုံးဝ ဒီလို အကျင့်တွေ ရှိမနေစေချင်ဘူးဆိုရင် ကိုယ် အဲဒီအကျင့်တွေ ပြုလုပ်မိနေချိန်တိုင်းမှာ သတိထားပြီး ဒါက တော်သင့်နေပြီ ရပ်သင့်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရမှာပါ။

Source: Shutterstock

အကျင့်ဆိုးနေရာမှာ တစ်ခုခုကို အစားထိုးဖို့ လေ့ကျင့်ပါ။ ဥပမာ သင်က ဆေးလိပ်သောက်တတ်တဲ့ အကျင့်ဆိုးကို ဖျောက်ဖျက်ပစ်ချင်တယ်ဆိုရင် ဆေးလိပ်သောက်ချင်လာတဲ့ အချိန်မျိုးမှာ အသက်ပြင်းပြင်းရှူပစ်လိုက်တာမျိုး ၊ ဖေ့ဘွတ်ပေါ် စတေးတပ်တင်ချင်လာတဲ့ အချိန်မျိုးမှာ စာရွက်လွတ်တစ်ခုပေါ် စာချရေးလိုက်တာမျိုး ၊ ဆဲရေးမယ့် အာမေဋိတ် ထွက်ခါနီးမှာ မရိုင်းစိုင်းတဲ့ အာမေဋိတ် အသံပြောင်းလဲလိုက်တာမျိုး ကျင့်ယူပါ။

Source: Shutterstock

တကယ်တော့  အကျင့်ဆိုးတွေက ဖျက်ရတကယ်ခက်ပါတယ်။ ပြောတဲ့အတိုင်းဖြစ်နိုင်ပါ့မလားရယ်လို့လည်း သံသယဝင်စရာပါပဲ။ ဒါပေမယ့် လေ့ကျင့်မှုတိုင်းက အရာရောက်ပါတယ်။ သင်ကိုယ်တိုင်ကသာ တကယ် အကျင့်ဆိုးကို ဖျက်လိုစိတ်ရှိပြီး တကယ် လေ့ကျင့်ပြောင်းလဲမယ်ဆိုရင် သင့်အကျင့်ဆိုးက သင့်ဆီမှာ ကြာကြာခံနိုင်တော့မှာ မဟုတ်ပါဘူး။

Source: Shutterstock

ဒီလိုမှ ကိုယ့်ကိုယ်ကိုယ် မနိုင်ဘူးဆိုရင် သင့်ကို နိုင်တဲ့သူ ဆိုလိုတာက သင့်အနားမှာ အမြဲရှိနေမယ့် သူငယ်ချင်း ၊ မိဘ ၊ ညီအကိုမောင်နှမတွေ နဲ့ ချစ်သူကို အကူအညီတိုင်းပါ။ ကိုယ် ဖျောက်ဖျက်လိုတဲ့ အကျင့်ကို ကိုယ်ပြုမူတော့မယ်ဆိုတဲ့ အချိန်တိုင်း အနားမှာ ကိုယ့်ကို တားနိုင်မယ့်သူတွေကို အကူအညီတောင်းထားပါ။ သူတို့က တားတဲ့အချိန်တွေမှာလည်း တကယ်လိုက်နာနိုင်အောင် ကြိုးစားပါ။