သွေးအားနည်းနေတယ်ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ သွေးအားနည်းပြီဆိုရင် သံဓာတ်ချို့တဲ့ပြီး မူးဝေတတ်ပါတယ်။ နေထိုင်ရသက်တောင့်သက်သာ မရှိတော့ဘဲ ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ မျက်ဖြူတွေဟာလည်း သွေးရောင်ဖျော့နေတတ်ပါတယ်။

Source: https://i.ytimg.com

သွေးအားနည်းမနည်းသိနိုင်တဲ့ နည်း

Source: https://bimag.gr/

မျက်ခွံကို လှန်ကြည့်လိုက်တဲ့အခါမှာ သွေးရောင်မရှိတော့ဘဲ ဖြူဆုတ်ဆုတ် အရောင်တွေသာ ရှိနေပါတယ်။ ဒီထက်သေချာချင်တယ်ဆိုရင်တော့  သွေးအားနည်းမနည်း Blood For Hemoglobin သွေးစစ်ဆေးရင် သိနိုင်ပါတယ်။ ရလာတဲ့ ရလဒ်ကို HBG လို့ ခေါ်ပါတယ်။ HBG ရလဒ်နည်းနေခဲ့မယ်ဆိုရင်တော့ ဒါဟာ သွေးအားနည်းနေတာပါပဲ။

သွေးအားနည်းရင် စားသုံးသင့်တဲ့ အစားအစာများ

Source: https://i.dawn.com

သွေးအားနည်းနေပြီဆိုရင် သံဓာတ် ပြည့်ဝလုံလောက်စေတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ အနီရောင်အသားတွေဖြစ်ကြတဲ့  အမဲသား ၊ ဆိတ်သား ၊ ဂျီသား ၊ ဆတ်သား ၊ အသည်းအမြစ်တို့ကို စားသုံးပေးရမှာပါ။

Source: https://static1.squarespace.com/

ဒါ့အပြင် အစိမ်းရင့်ရောင်အရွက်တွေဖြစ်ကြတဲ့ ဒန့်သလွန် ၊ ဘူးညွန့် ၊ ဟင်းနုနွယ် ၊ ကိုက်လန် ၊ ပျဉ်းတော်သိမ်းရွက် ၊ ပေါက်ပန်းဖြူ ၊ ကင်ပွန်းချဉ် ၊ ချဉ်ပေါင်ရွက် ဒါမျိုးတွေကိုလည်း စားသုံးပေးသင့်ပါတယ်။

ကိုယ် လက်လှုပ်ရှားမှုလုပ်ပေးပါ

Source: http://ak2.picdn.net/

သွေးအားနည်းတာကို တွန်းလှန်ဖို့ ကိုယ်လက်လှုပ်ရှားမှုတွေလည်း လုပ်ပေးရပါမယ်။ ကိုယ်လက်လှုပ်ရှားမှုရှိမှသာ ကျန်းမာကြံ့ခိုင်မာဖြစ်ပြီး ရောဂါတွေ ဝင်ရောက်မှုကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။