ဦးနှောက်စွမ်းဆောင်ရည် မြင့်မားသူတွေဟာ ဘဝမှာ အောင်မြင်မှု အလားအလာ အများကြီးရှိတဲ့သူတွေပါ။ ဦးနှောက်စွမ်းဆောင်ရည်မြင့်မားဖို့ဆိုတာ စဉ်းစားတွေးခေါ်မှုဆိုင်ရာအပိုင်းတွေနဲ့လည်း သက်ဆိုင်သလို နေထိုင်စားသောက်မှုပုံစံတွေနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ ဒီတော့ ဦးနှောက်စွမ်းရည်မြင့်တက်စေနိုင်တဲ့ နည်းလမ်းတွေက ဘာတွေများလဲ။

မှန်မှန်အိပ်ခြင်း


ဦးနှောက်စွမ်းရည်မြင့်စေဖို့အတွက် အချိန်မှန်အိပ်ဖို့လိုအပ်ပါတယ်။ အိပ်ရေးဝဝ အိပ်သူတွေဟာ ကျန်းမာရေးပြဿနာတွေ ကင်းဝေးစေနိုင်သလိုပါပဲ။ အိပ်ချိန်မှန်မှန် အိပ်တာကလည်း ဦးနှောက်စွမ်းရည်ကို မြင့်တက်နိုင်စေပါတယ်။

အစာစားချိန်မှန်ခြင်း

Source: www.familydoctor.org

အစားအစာကို အချိန်မှန်မှန်စားသောက်တာဟာ အစာအိမ်အတွက် ကောင်းမွန်စေရုံသာမက ဦးနှောက်စွမ်းရည်ကိုလည်း မြင့်တက်စေနိုင်ပါတယ်။ အစာစားချိန်မမှန်တာဟာ အစာအိမ်ရောဂါ ၊ အစာအိမ်နာ စတာတွေတင်သာမက ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းရည်ကို နိမ့်ကျစေပါတယ်။ ဒီတော့ အစာစားချိန်မှန်ဖို့လည်း လိုအပ်ပါတယ်။

ဆေးလိပ်၊ အရက် အလွန်အကျွံမသောက်ခြင်း

Source: www.medicalnewstoday.com

ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သုံးတာတွေကလည်း ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ အရက်၊ ဆေးလိပ် သောက်သုံးတတ်သူ ဖြစ်နေရင်လည်း အလွန်အကျွံ မပြုလုပ်ကြဖို့ လိုအပ်ပါတယ်။