ကိုယ့်ရဲ့ ပါတီကို လာဖို့အတွက် လူတွေကို ဖိတ်တဲ့အခါမှာ ရိုးရိုးရှင်းရှင်းကြီး ဒီတိုင်းဖိတ်လိုက်တာ ၊ ဖုန်းဆက်ပြီးဖိတ်တာ ၊ မက်ဆေ့ပို့ပြီး ဖိတ်တာမျိုးတွေ မလုပ်ချင်ဘူး။ ပါတီပွဲဖိတ်တဲ့အခါ မပါမဖြစ်ထည့်ရမှာတွေက ဘာတွေလဲ။ အရေးကြီးတဲ့ အချက်တွေက ဘာများလဲ။ စမတ်ကျကျ ကိုယ့်ပါတီကို လာဖို့ ဖိတ်ချင်တယ်ဆိုရင်တော့ ပါတီဖိတ်တဲ့ ပုံစံလေး လက်တို့ပေးမယ်နော်။

ဒီဇိုင်းနဲ့ လုပ်တဲ့ ဖိတ်စာပဲ ဖြစ်ဖြစ် ၊ ကိုယ်တိုင်လုပ်ထားတဲ့ ဖိတ်စာလေးတွေဖြစ်ဖြစ် မရှိမဖြစ်ပါရမှာကတော့ ဒီဖိတ်စာက ဘယ်သူ့ဆီကလာတဲ့ ဖိတ်စာဆိုတာကို ဖိတ်ကြားခံရတဲ့သူ သိဖို့လိုပါတယ်။ ဒီမှာက ဘယ်သူက ဖိတ်တယ်ဆိုတာမျိုးကို ရေးလေ့ရေးထမရှိကြပါဘူး။ တကယ်တော့ ထည့်ပေးရမှာပါ။

Source: Shutterstock

ဘယ်သူက ဖိတ်ကြားထားတာဆိုတာ သိပြီဆိုရင်တော့ လုပ်နေကျအတိုင်း ဘယ်သူ့ကို ဖိတ်ကြားတာလဲဆိုတာကို ထည့်ရေးရတော့ပါမယ်။ ဒါကတော့ ဖိတ်ကြားသူတိုင်း လုပ်နေကျပါပဲ။ သိပ်တော့မထူးခြားဘူးဆိုပေမယ့် အရေးကြီးဆုံးအချက်ပါ။

Source: Shutterstock

ပါတီပွဲကျင်းပခြင်းရဲ့ အကြောင်းပြချက်ပါရပါမယ်။ ဘာ့ကြောင့် ကျင်းပတဲ့ ပါတီပွဲလဲဆိုတာကို သိမှ လာတဲ့ သူတွေကလည်း စီစဉ်စရာရှိတာ စီစဉ်လို့ ရမှာပါ။ ဒီတော့ ဒါက ဘာပွဲလဲဆိုတာလဲ ဖိတ်စာထဲမှာ ပါရှိရပါမယ်။

Source: Shutterstock

ပါတီကျင်းပမယ့် ကိုယ့်ရဲ့ ပါတီပွဲပုံစံကိုတော့ နည်းနည်း အသိပေးထားရပါမယ်။ ပွဲက ဘယ်လိုပုံစံကျင်းပမှာလဲ။ ဘယ်နေရာမှာ ကျင်းပမှာလဲ။ Pool Party လိုမျိုးလား စတာတွေကို ဖိတ်စာထဲမှာ တပါတည်း အသိပေးထားရမှာဖြစ်ပါတယ်။

Source: Shutterstock

ဖိတ်စာထဲမှာ အရေးကြီးဆုံးထည့်ရမှာက ဘယ်နေ့မှာ ပါတီပွဲကျင်းပရမယ်ဆိုတာပါပဲ။ ဒါက အရေးကြီးဆုံးဖြစ်တဲ့အတွက် မမေ့ကြတာများတယ်ဆိုပေမယ့်လည်း သတိလက်လွတ်ဖြစ်သွားခဲ့ရင် အဖိတ်ခံရတဲ့ သူတွေအနေနဲ့တော့ ဘယ်နေ့လာရမလဲ မသိဘဲ နဝေတိမ်တောင် ဖြစ်ကုန်ပါလိမ့်မယ်။

Source: Shutterstock

အချိန်ကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် သတိထားရမယ့်အချက်ကတော့ ပါတီစမယ့်ချိန်နဲ့ ပြီးဆုံးမယ့်ချိန်ကို တပါတည်း ထည့်သွင်းရေးသားထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ လာမယ့်သူတွေ နောက်ကျမယ့်သူတွေအနေနဲ့ ပါတီချိန်ကို ချိန်ကိုက်နိုင်မှာ ဖြစ်ပါတယ်။

Source: Shutterstock

Theme ကလည်း အရေးကြီးပါတယ်။ ဖိတ်ကြားခံရသူတွေ ပါတီကို လာတဲ့အခါ ကြောင်အမနေစေဖို့ သူတို့လာမယ့် ပါတီရဲ့ Theme ကို သိထားဖို့ လိုပါတယ်။ ဘယ်လိုကျင်းပမယ့် ပါတီလဲ။ ဘယ်လိုပုံစံတွေရှိနေမှာလဲဆိုတာကို Theme ထည့်သွင်းထားရုံနဲ့ ကြိုတင် စဉ်းစားထားလို့ရပါပြီ။

Source: Shutterstock

ဝတ်မယ့်ဝတ်စုံပုံစံကို သတ်မှတ်ထားတယ်ဆိုရင်လည်း ထည့်သွင်းရေးသားရပါမယ်။ ပါတီတွင်းမှာ Suit နဲ့ တက်ရမှာလား ၊ Casual ပဲလား ၊ အနီရောင်ပဲ ဝတ်ရမှာလား ၊ အဖြူရောင် ပါတီလား စတာတွေကို ဖိတ်စာထဲ ထည့်သွင်းရေးသားဖို့တော့ လိုအပ်ပါတယ်။

ဒီလောက်ဆိုရင် စမတ်ကျကျ ပါတီဖိတ်ကြားနိုင်ပြီထင်ပါတယ်။