ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှ အရာရာကို အောင်မြင်နိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှ အရာရာကို တည်ဆောက်တဲ့နေရာမှာ ခွန်အားအပြည့်ရှိမှာပါ။ ကိုယ့်ကိုယ်ကိုယ်မယုံကြည်တဲ့လူဟာ ဘယ်တော့မှ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာမှာ မဟုတ်သလို ဘယ်တော့မှလည်း အောင်မြင်မှုရရှိလာနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဘယ်လိုတည်ဆောက်ယူကြမလဲ။

ညဖက်မအိပ်စက်ခင် ကိုယ့်ရဲ့ ကောင်းကွက်လေးတွေကို တွေးပါ။

Source: Shutterstock

အိပ်ရာဝင်ချိန်မှာ ကိုယ့်အကြောင်း ကိုယ်တွေးနေပါ။ တစ်နေ့တာမှာ ကိုယ်ဘာတွေ ပြုလုပ်ခဲ့လဲ၊ ဘယ်လိုအရာတွေ ဆောင်ရွက်ခဲ့သလဲဆိုတာတွေ တွေးတောနေပါ။ ကိုယ်ဘယ်သူတွေကို ကူညီခဲ့သလဲ၊ ကိုယ် ဘယ်လိုကောင်းကျိုးတွေ ပြုမူခဲ့သလဲဆိုတာကို ညဖက် အိပ်ရာမဝင်ခင်မှာ ကိုယ်ရဲ့ ကောင်းကွက်တွေကိုသာ တွေးပြီး တစ်နေ့တာကို ကုန်ဆုံးလိုက်ပါ။

အကောင်းမြင်စိတ်ထားပါ။

အရာရာကို အကောင်းမြင်စိတ်ထားပါ။ အရာအားလုံးက သူ့အရှိအတိုင်း ဖြစ်ပျက်သွားတယ်လို့ တွေးပါ။ အဆိုးမြင်ပြီး အရာရာတိုင်းပေါ် ဒေါသထွက်မနေပါနဲ့။ အကောင်းမြင်စိတ်ထားတာဟာ ပူလောင်တတ်တဲ့ ကိုယ့်ရဲ့ ဒေါသတွေကို ငြိမ်းစေပါတယ်။

စိတ်ခံစားချက်တွေ ပြင်ဆင်ပြောင်းလဲပါ။

Source: Shutterstock

အရာရာတိုင်းအပေါ် စိတ်ခံစားချက် ပြင်းပြင်းထန်ထန်ထားတာမျိုးရှောင်ပါ။ အလုပ်လုပ်ချင်စိတ် ကြိုးစားချင်စိတ်ကို ပြောတာမဟုတ်ပါဘူး။ ရူးသွပ်တဲ့စိတ်တွေကို ပြောတာပါ။ ဒါမျိုးက ချစ်သူရည်းစားတွေအပေါ်မှာ ထားတာများပါတယ်။ တစ်ခုခုကို ရူးသွပ်ပြီး လိုချင်လာတဲ့အခါ သိမ်ငယ်စိတ်ခံစားလာရတတ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။

Source: Shutterstock

ကိုယ့်ကိုယ်ကိုယ် ယုံကြညိဖို့အတွက် အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်မှ ကိုယ့်အတွက် အမြဲ ကြိုးစားလိုစိတ်ရှိနေမှာပါ။ အောင်မြင်မှုရဖို့ ၊ ပျော်ရွှင်ရဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ဆိုတာတွေက ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ လိုအပ်ပါတယ်။